Ugly Boy But Handsome Man

9.6K 821 33
                                    

ညအတော်လေးမှောင်နေတဲ့ အချိန်မှာ တောင်ပေါ်လေက သိသိသာသာကြမ်းလာသည်။...
တောင်ကုန်းပေါ်မှာ အဆောင်က ထီးထီးကြီးဖြစ်နေပြီး ခြောက်ခြားဖွယ်ဖြစ်နေသည်။..

ညနက်လေ ဘာမှန်းမသိဘဲ ပိုခြောက်ခြားရလေဖြစ်သည်။နယ်ခံလူကြီးကတော့ မကြောက်ဖို့ပြောပေမယ့် သူလည်းစိတ်တွေလှုပ်ရှားနေပုံပင်။...

ရိပေါ်က သူ့အိပ်ယာဘေးကရေနံဆီမီးအိမ်လေးကို မီးစာထည့်လိုက်ပြီး ရှောင်းကျန့်နဲ့သူ့အတွက် အိပ်ယာပြင်လိုက်သည်။..

ကလေးတွေက သူ့ထက်ငါအပြိုင် အလယ်ကိုနေရာလုနေကြတော့ ရှောင်းကျန့်တိူ့အကြီးတွေကပဲ ထောင့်ဘက်ကို ရွေးလိုက်ကြသည်။...

ဟောခန်းလိုအဆောင်ကြီးမှာ တံခါးသုံးချပ်ပါဝင်ပြီး အလယ်တံခါးပေါက်ကချက်ပျက်နေတာကြောင့် ဟစိစိ ဖြစ်နေသည်။...

ရိပေါ်ကရှောင်းကျန့်ကိုအရင်အိပ်ခိုင်းလိုက်ပြီး သူကတော့ လူကြီးတွေနဲ့အတူ ညစောင့်ပေးဖို့ဆုံးဖြတ်လိုက်သည်။...

'ရွှီ ရွှီ ရွှီ'

လေတိုက်သံလိိုလို အသက်ရှုသံပြင်းပြင်းလိုအသံမျိုးက ခပ်ကျယ်ကျယ်ပေါ်ထွက်လာပြီးနောက် ပျက်နေတဲ့အလယ်တံခါးက အနည်းငယ်ဟသွားတော့သည်။...

"အမလေးဗျာ ဘာကြီးတုန်း"

"အား သရဲ သရဲ သရဲ"

အပေါက်ဝဆီကနေ ကုန်းကွကွတတ်လာတဲ့ မဲမဲနဲ့သတ္တဝါပုံစံအကောင်ကြီးတစ်မျိူး.....

အိပ်နေတဲ့သူအကုန်လုံးကထိတ်လန့်တကြားနဲ့ နိုးလာပြီး အကောင်ကြီးကတော့ လူအော်သံတွေကြောင့်ပြေးသွားလေပြီ။...

"အဘ အဲ့တာဘာကောင်ကြီးလဲ"

"နာနာဘာဝပေါ့ ကလေးတို့ရယ် သရဲဆိုတာ ရုပ်ရှင်တွေထဲကလို အဖြူဝမ်းဆက်နဲ့ လေထဲလွင့်လာတာမဟုတ်ဘူး သူတို့ရုပ်နာမ်ကခုနအကောင်လိုမျိုး ပုံပျက်ပန်းပျက်နဲ့ကြောက်စရာကောင်းတာ"

"ဒီအဆောင်ပေါ်ထိတောင် တက်လာရဲတယ်နော်"

"သချိုင်းမြေမှာတော့ သူတို့ဘယ်နေရာနေနေအဆင်ပြေပါတယ် တစ်ချို့ဆို သူတို့ပစ္စည်းတွေပြန်လာတောင်းတတ်လို့ သုဘရာဇာတွေက.မောင်းထုတ်ရတယ်"

Ugly Boy But Handsome Man (Completed) Donde viven las historias. Descúbrelo ahora