ရိပေါ်ရဲ့ဘွဲ့ယူခြင်းအခမ်းအနားပြီးဆုံးတော့ သူတို့ ဝမ်အိမ်တော်ဆီချီတက်ကြတယ်။
ရှောင်းကျန့် သူ့ရှေ့ကအိမ်ဝန်းအကြီးကြီးကိုကြည့်ပြီးချွေးစေးတွေပြန်လာတယ်။
ရိပေါ်က ဆိုင်ကယ်ကိုဟွန်းတစ်ချက်တီးလိုက်တာနဲ့ ခြံတံခါးကိုဖွင့်ပေးလာသည်။ခြံဝကနေအိမ်ရှေ့ထိအတော်လေးဝင်ယူရသည်။ ဝမ်ကတော် ပန်းကြိုက်တယ်ထင်ပါရဲ့။ ပန်းခြံအကြီးကြီးကိုတွေ့ရတယ်။ ရှောင်းကျန့်ကြိုက်တဲ့ မက်မွန်ပန်းနံ့လေးကိုပါရနေသေးသည်။
ဆင်ဝင်အောက်မှာ ဆိုင်ကယ်ရပ်ပြီးတာနဲ့ ရှောင်းကျန့် ကျောက်ရုပ်ကြီးလိုရပ်နေမိသည်။"လာ ကျန့်ကျန့် ဝင်မယ်လေ"
"ရိပေါ် ငါ ပန်းစည်းလေးယူလာခဲ့ရမှာကို"
"အာ ကျန့်ကျန့်ရယ် ရော့ ဒီပန်းစည်းပြန်ပေးလိုက် "
"ဟင့်အင်း မယူဘူး ဒါမင်းအတွက်ငါ့လက်ဆောင်ကို"
ရှောင်းကျန့်က နှုတ်ခမ်းဆူပြောတယ်။
"အာ့ဆိုလည်းလာ အရေးမကြီးဘူး မာမီ့မှာ ပန်းခင်းတစ်ခုလုံးရှိပြီးသား"
"အင်း"
ရိပေါ်ရှောင်းကျန့်လက်ကိုဆွဲပြီး အိမ်ထဲဝင်လာတယ်။
မီးဖိုခန်းကနေ ဟင်းနံအချို့ကိုရနေသလိုပင်။
အာ ဒါဝက်သားအချိုဟင်း။
ရှောင်းကျန့် နှုတ်ခေါင်းလေးတရှုံ့ရှုံလုပ်တော့ ရိပေါ်ကနှုတ်ခေါင်းကိုလိမ်ဆွဲပြီးစလိုက်တယ်။ရိပေါ်က ရှောင်းကျန့်ကို ထိုင်ခုံမှာထိုင်ခိုင်းထားကာ
"မာမီ ဒယ်ဒီ ဒီမှာ သမက်လောင်းလေးရောက်နေပြီနော်"
ရိပေါ်ကအိမ်ထဲကိုကျုံးအော်လိုက်သည်။
"ဝမ်ရိပေါ်"
ရှောင်းကျန့်က ရှက်ရှက်နဲ့ ရိပေါ်ကိုလိမ်ဆွဲတယ်။"လာပြီ "
မီးဖိုခန်းထဲက ဝမ်ကတော် အသံထွက်လာတယ်။ မကြာခင်အိမ်ပေါ်ကနေ ဝမ်ပါးပါးဆင်းလာတယ်။
"ရောက်နေကြပြီလား"
"ဟုတ်ကဲ့ အန်ကယ်"
"ပါးပါးလို့ပဲခေါ်ပါ"
ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...