ရိပေါ်တို့နှစ်ယောက် အခုတော့ရုပ်ရှင်ရုံရောက်နေပါပြီ။ အရုပ်ကြီးကိုတော့ ရိပေါ်က ရှောင်းကျန့်တို့အဆောင့်ရှေ့မှာချထားခဲ့လေပြီ။ အရင်လိုဂိတ်စောင့်ဦးလေးကြီးပဲ ကောက်သိမ်းထားရအုံးမှာပေါ့။
ရှောင်းကျန့်ရော ရိပေါ်ရော Maskအမဲတွေတပ်ဦးထုပ်အမဲတွေဆောင်းလို့ ရုပ်ရှင်ရုံဝမှာ ရပ်နေကြတယ်။
ရိပေါ်ကလက်မှတ်တွေဝယ်ပြီးသားမို့ မုန့်ဝယ်ဖို့သာတာဆူတော့တယ်။"မနက်စာစားပြီးပြီလား ကျန့်ကျန့်"
"ဟင့်အင်း"
"အခုချန်ထိလေ ကိုးနာရီတောင်ထိုးတော့မယ် မဖြစ်ဘူး လာ ထ ခေါက်ဆွဲဆိုင်သွားရအောင်"
"ထားလိုက်ပါတော့ ရုပ်ရှင်ချိန်နီးနေပြီလေ မုန့်တွေပဲစားလိုက်တော့မယ်"
"နာရီဝက်လောက်လိုသေးတယ် မနက်စာမစားဘဲ သရေစာမစားနဲ့ ကျန့်ကျန့်ရယ် ဗိုက်အောင့်နေမှာပေါ့ ပြီးတော့ ကျန့်ကျန့်က အဲ့လောက်လေးနဲ့ဗိုက်ပြည့်တာလည်းမဟုတ်ဘဲ လာပါကွာ လိမ္မာတယ် အသားလုံးခေါက်ဆွဲ ပူပူလေးမစားချင်ဘူးလား"
"အင်း စားချင်တယ်"
"လာ သွားမယ်"
ရိပေါ်ကရှောင်းကျန့်ကိုလက်ဆွဲလို့ ခေါက်ဆွဲဆိုင်ဆီ ဦးတည်သည်။
ဖြူဖြူချောချော ကောင်လေးနှစ်ယောက်က Maskတွေတပ်ထားကတည်းက ရုပ်ရှက်ရုံဝက ကောင်မလေးတွေက စိတ်ဝင်စားနေကြတာ ခုလိုလက်တွဲပြီးထွက်သွားတော့ အကုန်လုံးရဲ့အာရုံကစုပြုံလာသည်။ခေါက်ဆွဲဆိုင်က ရုပ်ရှင်ရုံရှိတဲ့အထပ်မှာပဲဖြစ်ပြီး သိပ်မဝေးတာမို့ မှန်ကာထားတဲ့ဆိုင်ထဲကို လှမ်းမြင်နေရသည်။
"အသားလုံးခေါက်ဆွဲအစပ်လျှော့တစ်ပွဲရယ် ပင်လယ်စာဖက်ထုပ်ပေါင်းတစ်ပွဲရယ် လိမ္မော်ရည်တစ်ခွက် နို့တစ်ခွက်ပေးပါ"
"ရိပေါ် ဘာလို့အစပ်လျှော့တာလဲ အသားလုံးခေါက်ဆွဲကစပ်စပ်လေးမှ ကောင်းတာကို"
"မနက်စောစောမစားရဘူး မဆိုးနဲ့ကျန့်ကျန့်"
ရှောင်းကျန့်ကတော့ နှုတ်ခမ်းလေးဆူလို့ ပေကပ်ကပ်လုပ်နေသည်။ ပြီးရင်မစားမှာလည်း မဟုတ်ဘဲနဲ့ ရိပေါ်ကိုသက်သက်ဆိုးနေတာ။
ESTÁS LEYENDO
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...