ကျိလင်မြို့က ဆောင်းရာသီအတွက်တင်စားစရာမြို့လေးတစ်မြို့ဟုပင်ခေါ်ရပေမည်။ နေရာအနှံဖွေးဖွေးလှုပ်နေသော နှင်းထုကြီးနှင့် ကန်ရေပြင်ထက်ခဲတက်နေသော ရေခဲထုကြီးများကိုတွေ့နိုင်ပေ။
ဝမ်မိသားစုက ဝယ်ထားတဲ့ လုံးချင်းခြံဝန်းလေးထဲ ကားကိုမောင်းဝင်သွားလိုက်တော့ ခြံစောင့်လင်မယားက အပြင်ထွက်ကာကြိုဆိုလေသည်။
"အိုက်ဂူး သခင်လေးတို့နောက်ကျလိုက်တာ ဒီရက်တွေမှာ ညပိုင်းနှင်းတွေသိပ်ကျလို့ စိတ်ပူနေရတာ"
ရိပေါ်က အနောက်ခန်းမှာအိပ်နေတဲ့သားငယ်လေးတွေကိုချီထုတ်ရင်း
"ကျွန်တော် ကားမောင်းကျွမ်းပါတယ် အားရီရဲ့ ကျွန်တော့်ရဲ့အသည်းအသက်လေးတွေပါတာကို ကျွန်တော်ဂရုတစိုက်မောင်းတာပေါ့ဗျ"
"အို ဘယ်လိုဖြစ်ဖြစ် အားရီကတော့ စိတ်ပူရတာပဲ"
"အားရီ စိတ်ပူမယ်ဆို ဒီငဆိုးလေးတွေ ကိုသာပူပါ သူတို့က အားရီအိမ်ကိုပြောင်းပြန်လှန်ပစ်ကြလိမ့်မယ်"
ရှောင်းကျန့်က သူ့လက်ထဲ အိပ်ပျော်နေတဲ့အငယ်ကောင်လေးကိုချီထားရင်း သူ့သားငယ်တွေ မည်မျှဆိုးကြောင်း တိုင်လေတယ်။
"ဆိုးပါစေ ဆိုးပါစေ ကလေးတွေပဲဆိုးရမှာပေါ့ လာ မြန်မြန်အိမ်ထဲဝင်ကြတော့ အပြင်မှာအရမ်းအေးတယ်"
ရိပေါ်ရဲ့ပုခုံးပေါ်တစ်ဖက်တစ်ချက်ဆီမှာ အိပ်ပျော်နေတဲ့ အကြီးလေးနှစ်ယောက်က သူ့တို့ဒယ်ဒီရဲ့ ရင်ငွေ့နွေးနွေးကြား သက်တောင့်သက်တာဖြစ်အောင် တိုးဝှေ့ရင်း ပြန်အိပ်ပျော်သွားကြသည်။
ထိုအချိန် ရှောင်းကျန့်လက်ထဲမှာရှိတဲ့ အငယ်လေးကတော့ သူ့ရဲ့မျက်လုံးလေးတစ်ဖက်ကိုခိုးကာ ဖွင့်ကြည့်လေသည်။
ရှောင်းကျန့်က သူ့ကိုချီထားပေမယ့် အာရုံမရမှန်းသိတော့ သူ့ရဲ့လက်သေးသေးလေးကိုထုတ်ကာ ရှောင်းကျန့်ရဲ့အကျီထဲလက်လျှိုဝင်လျှက် သူ့ပါးပါးရဲ့နို့သီးလေးကိုသွားကိုင်လေသည်။
ရှောင်းကျန့်မှာတော့ သူ့ရင်ဘက်ဆီလက်အေးအေးလေး လာရောက်ထိကိုင်တော့ တုန်တက်သွားကာ

YOU ARE READING
Ugly Boy But Handsome Man (Completed)
Romanceဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...