Ugly Boy But Handsome Man

12.5K 1.1K 16
                                    

ဆောင်းရာသီပိတ်ရက်မရောက်ခင် ဖြေဆိုရတဲ့ စာမေးပွဲအတွက် ရှောင်းကျန့်အိမ်မှာ စာလုပ်ဖို့ ရိပေါ်ရောက်နေခဲ့သည်။...

"သားရယ် အိမ်လာလည်တာပဲ ဘာလို့လက်ဆောင်တွေယူလာရတာလဲ အများကြီးပဲကို"

"သားက ကျန့်ကျန့်ဆီမှာ စာလာမေးတာလေမားရဲ့ သင်ပေးမယ့်ဆရာကိုလာဘ်ထိုးဖို့ မုန့်တွေဝယ်လာမှဖြစ်မှာပေါ့ ပြီးတော့ မာမီကလည်း မားတို့လူကြီးတွေဖို့ လက်ဆောင်ယူသွားဆိုလို့လေ"

"အားနာစရာကြီးသားရယ် မားတို့မယူပါရစေနဲ့"

"ယူလိုက်ပါမားရယ် မာမီကသေချာပြင်ဆင်ပြီးထည့်ပေးလိုက်တာ သူများအိမ်မှာစာသွားလုပ်မှာဆိုတော့ အိမ်ရှင်တွေကိုအားနာလို့လေ"

"မလိုပါဘူးသားရယ် နောက်ဆိုယူမလာနဲ့တော့နော်"

"ဟုတ်ကဲ့ပါမား"

တကယ်တော့ အဲ့ဒီလက်ဆောင်တွေကို ရိပေါ်ကိုယ်တိုင်ဝယ်လာခြင်း ဒယ်ဒီရောမာမီရောက အလုပ်ကိစ္စနဲ့ နိုင်ငံခြားရောက်နေတာ တစ်လလောက်ပင်ရှိတော့မည်။...
ရိပေါ်ဒီအိမ်ကိုလာတာလည်း သိမည်မဟုတ်ပေ။...
ခမည်းခမက်ချင်း အမြင်ကြည်စေဖို့ ရိပေါ်ဖန်တီးလိုက်တဲ့ လှည့်ကွက်လေးသာဖြစ်သည်။...

"ကျန့်ကျန့်ရော မား"

"ကျန့်ကျန့်က သူ့အဘွားအိမ်ကိုဖက်ထုပ်သွားပို့တယ် ခဏနေရင်ပြန်လာလိမ့်မယ်သားလေး"

"အော် ဟုတ်မား"

"မားရေ သားပြန်လာပြီ အော် ရိပေါ်ရောက်နေတာပါလား ဝါးးးးး မုန့်တွေ"

ပြန်လာတဲ့နဲ့ရိပေါ်ကိုတွေ့တော့ အံသြသွားတဲ့ပုံစံခဏသာပြပြီး မုန့်တွေမြင်တော့ ဝမ်းသာအားရဖြစ်သွားတဲ့ ရှောင်းကျန့် ကြောင့် ရိပေါ်အသာပြုံးလိုက်မိသည်။...

'တကယ် အစားပုတ်လေးပါကွာ'

"ကျန့်ကျန့်သူငယ်ချင်းကို စာတွေသေချာရှင်းပြလိုက်နော် ရိပေါ်ကသားအတွက်မုန့်တွေအများကြီးဝယ်လာပေးတာကို"

"ဟုတ်မား ရိပေါ်အပေါ်တက်ရအောင်"

"အင်း"

Ugly Boy But Handsome Man (Completed) Donde viven las historias. Descúbrelo ahora