ရှောင်းကျန့်တို့က ဒီနှစ်ကစပြီး ဆေးရုံတွေဆီမှာ လက်ထောက်ဆရာဝန်တွေအဖြစ် လက်တွေ့ဆင်းရတော့မည်။....
လူနာတွေနဲ့ ထိတွေ့ရမယ့်အပြင် ကျောင်းစာတွေပါ လုပ်ရအုံးမည်ဆိုတော့ တက်ကြွတဲ့ကြက်ဖလေးခဗျာ အရင်လို ဖလန်းဖလန်းမထနိုင်တော့။...
ဒီနေ့တော့ ရှောင်းကျန့်တို့အဖွဲ့ကသာ အစောပိုင်းအချိန်စာရင်းမှာ ဆေးရုံဆီသွားရမှာဖြစ်တာကြောင့် ကျောင်းဖယ်ရီကလိုက်မပို့ပေ။...
"မနက်စောစော ဘတ်စ်ကားစီးသွားရအောင်"
ရှောင်းကျန့်က ပြောလိုက်ပေမယ့် ဘယ်သူကမှ လက်မခံ။..
"မနက်စောစော လေ့ကျင့်ခန်းလည်းဖြစ် စက်ဘီးစီးသွားကြမယ်လေ"
ဒါမျိုးတော့ ရှောင်းကျန့်တို့က noပါ.... လူကပင်ပန်းလွန်းလို့ လမ်းလျောက်ရင်တောင် ယိုင်တိုင်တိုင်ပါဆို စက်ဘီးသာစီးရင်တော့ ငါ့လင်ဝမ်ရိပေါ် မုဆိုးဖိုပါဖြစ်သွားအုံးမယ်...
"မစီးဘူး ငါမစီးတတ်ဘူး"
"ဟေ့ကောင် ရှောင်းကျန့်အပိုမလုပ်နဲ့"
"တကယ်ပြောတာ မင်းတို့တင်ခေါ်သွားမလား"
ဒီလိုကျတော့လည်း မနိုင်တဲ့သူနဲ့ နောက်ခုံမပါတဲ့သူနဲ့အမျိုးမျိုးတွေဖြစ်....
အားလျှိုကလည်း ဒီရက်ပိုင်းခြေလှမ်းတွေပျက်နေတာ အမြဲ ဂျူနီယာဆောင်မှာချည်း...ခုလည်းဘယ်ရောက်သွားမှန်းမသိ...ဆေးရုံသွားရပါမယ်ဆို...
အချိန်ကိုက်ဝင်လာတဲ့ ph က သေချာပေါက်ရိပေါ်ဆီက...
"အင်း ရိပေါ် ကျန့်ကျန့်ကိုဆေးရုံလိုက်ပို့ပါလား ဒီကသူတွေက သူတို့စက်ဘီးနဲ့တင်မခေါ်နိုင်ဘူးတဲ့ အဲ့တာ အဆင်ပြေလား"
ရှောင်းကျန့်က ခပ်တိုးတိုးမေးသည်။...
"အင်း အဲ့တာဆို ကျန့်ကျန့်စောင့်နေမယ်နော် မင်း
က အကောင်းဆုံးပဲ မွမွ"ရှောင်းကျန့်က ph ချလိုက်ရင်း...သက်ပြင်းပါချလိုက်သည်။...သဘောကောင်းတဲ့ ရှောင်းကျန့်က သူငယ်ချင်းတွေကို အနွံတာခံပေါင်းတယ်...ဒါပေမယ့် သူတို့ကလိုရင်တစ်မျိုးမလိုရင်တစ်မျိုး ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လူစားတွေပင်..
ပြောရရင် ရှောင်းကျန့်က သူငယ်ချင်းကံခေပါသည်...အားလျှိုကလွဲလို့ သူကိုတကယ်ခင်တဲ့သူငယ်ချင်းမရှိ...
VOUS LISEZ
Ugly Boy But Handsome Man (Completed)
Roman d'amourဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...