"နိဟောင်..ကိုယ့်နာမည်က ဝမ်ရိပေါ်..မင်းကရော.."
"အမ်..ငါကရှောင်းကျန့်.."
"ရှောင်းကျန့် ကိုယ်တို့သူငယ်ချင်းလုပ်ရအောင်.."
"ငါ..ငါနဲ့လား.."
"အင်း..ရှောင်းကျန့်ဆိုတဲ့မင်းနဲ့ ဝမ်ရိပေါ်ဆိုတဲ့ကိုယ်တို့ သူငယ်ချင်းဖြစ်ကြရအောင်..."
"ငါ..ငါကလေ ရုပ်ဆိုးတယ်.."
"ဟဟ.. သူငယ်ချင်းဖြစ်တာနဲ့ရုပ်ဆိုးတာဘာဆိုင်လဲ ပြီးတော့.. ဘယ်သူကပြောလည်းမင်းကရုပ်ဆိုးတယ်လို့ ဒီလောက်ချစ်စရာကောင်းတာကို.."
"တကယ်..တကယ်ချစ်စရာကောင်းတာလား.."
"အင်း..အရမ်းပဲ ချစ်စရာကောင်းတယ်.. "
"ဟိဟိ.."
"ရယ်မနေနဲ့ စာလိုက်ကြည့်တော့ အဆိုးလေး.."
"အင်းအင်း.."
စာသင်ချိန်နေ့တစ်ပိုင်းကုန်သွားပေမဲ့ ရှောင်းကျန့်ကတော့ ဘာမှမသိလိုက် ဘေးနားကလိမ္မော်နံပိုင်ရှင်လေးကိုသာ ခိုးခိုးကြည့်နေခဲ့သည်။....
အတန်းဆင်းခေါင်းလောင်းထိုးတော့ ရိပေါ်က စာအုပ်တွေသိမ်းနေသည်။..
"ကန်တင်းသွားရအောင်လေ ရှောင်းကျန့်.."
"ဟင်..ငါ..ငါမလိုက်တော့ဘူး..ငါ့မှာထမင်းဘူးပါတယ်.."
အစားကြီးတဲ့ဝက်ပုတ်လေး ရှောင်းကျန့်အတွက် ကန်တင်းကစားစရာတွေသာဝယ်စားရင် ဗိုက်မပြည့်ဘဲ မွဲသွားနိုင်သည်။ဒါကြောင့် ရှောင်းမားမားက နေ့စဉ်ထမင်းဘူးထည့်ပေးလေ့ရှိသည်။...
"ထမင်းချို င့်ပါလည်း သွားစားလို့ရတာပဲလေ လိုက်ခဲ့ပါကိုယ်တစ်ယောက်တည်းမလို့..ကျန့်ကျန့်က လိမ္မာပါတယ်နော်.."
မျက်ဝန်းချင်းဆုံပြီး အတူလိုက်ဖို့တောင်းဆိုနေတဲ့ ရိပေါ်ကြောင့် ရင်ခုန်သံတွေတောင်မမှန်ချင်...
"ဟူးစ်..ကောင်းပြီလေ ငါလိုက်ခဲ့ပေးမယ်.."
"ရေး..ကျန့်ကျန့်လေးကချစ်ဖို့ကောင်းတယ်.."
တကယ်တော့ လူအများကြားထဲသွားရမှာ ရှောင်းကျန့်တကယ်မလိုလားပေ။..အထင်သေးတဲ့အကြည့်တွေကိုသူမခံစားနိုင်..ဒါပေမဲ့ ရိပေါ်ကြောင့်လိုက်လာပေးမိသည်။..
VOUS LISEZ
Ugly Boy But Handsome Man (Completed)
Roman d'amourဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်... ဂရုစိုက်ပေးတဲ့ ချစ်သူအကြောင်းကို ကျွန်တော်ဖြေးဖြေးချင်းပြောပြမယ်...