Vol 1 : Chapter 23

3.9K 760 40
                                    

<Zawgyi>

ဒီကလေးကတော့ … အမှန်ကိုပြောနေတာပါပဲလား … လင်းရှ သည် အသံတိတ် မျက်ရည်ကျမိလိုက်၏။ သူ ရသည့် လစဉ်ပေး ငွေကြေးမှာ ယုဇီကျွေး နှင့်ယှဉ်လျှင် ရွာကျောင်းဆရာလေး၏ လခနှင့် မြို့ပေါ်မှ တရားဝင် ဝန်ထမ်းတစ်ဦး၏ လစာကဲ့သို့ပင် ……

" ကျွန်တော် ပေးစရာရှိတာလဲ ပေးပြီးပြီ ဆိုတော့ ပြန်တော့မယ်။ "

ယုဇီကျွေး သည် လင်းရှ ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အပြင်ဖက်သို့ ချက်ချင်းထွက်သွားတော့၏။

လင်းရှ သည် ခပ်မြန်မြန်ပင် ပြန်လှမ်းခေါ်လိုက်ရသည်။

" နေဦး အစ်ကို လိုက်ပို့ပေးမယ်။ "

သူသည် အခန်းထောင့်နားမှ စက္ကူမီးအိမ်တစ်လုံးကို လှမ်းဆွဲယူလိုက်ပြီးနောက် ဂရုတစိုက်ဖြင့် မီးညှိလိုက်ပေ၏။ သူ ထိုကလေးနှစ်ဦးကို သွားရှာသည့် အချိန်တိုင်းတွင် သူတို့နှစ်ဦးစလုံးမှာ ကျင့်ကြံရင်း အလုပ်ရှုပ်နေကြသည် ဖြစ်လျှင်ဖြစ်၊ မဟုတ်လျှင် တာဝန်အသီးသီးကို ပြီးအောင် လုပ်နေရသည်နှင့်ပင် အားသည်ဟူ၍ မရှိကြချေ။ ထိုကလေး ပြန်ရောက်သည့် အခါတွင်လည်း သူ့အား တာဝန်အသစ်တို့က စောင့်ကြိုနေလိမ့်ဦးမှာပင်။ သူသည် ယခုကဲ့သို့ ညဖက်ကြီးတွင် ကလေးငယ်ငယ်လေးတစ်ဦးတည်း လမ်းလျှောက်ပြန်ရမည်ကို တွေးမိလိုက်သောအခါ သူ၏ နှလုံးသားပင် အနည်းငယ် နာကျင်သွားရ၏။

ယုဇီကျွေး သည် ဖုန်အနည်းငယ် တက်နေသည့် မီးအိမ်ကို သဘောမကျသလို ကြည့်လိုက်ပြီးနောက် သူ၏ အကျီလက်တွင်းမှ အလင်းရောင်ရစေရန်သုံးသည့် မှော်လက်နက်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပေသည်။ ထို့နောက် သူသည် တံခါးကို ဖွင့်ကာ လင်းရှ ၏ စကားကို ငြင်းပယ်လိုက်၏။

" မလိုပါဘူး။ ကျွန်တော် သိပ်မကြာသေးခင်ကပဲ လျှပ်တပြက်ခြေလှမ်း နည်းစနစ်ကို သင်ထားပြီးပြီဆိုတော့ ခပ်မြန်မြန် ပြန်သွားလို့ရတယ်။ "

သူသည် အေးဆေးတည်ငြိမ်သည့်ဟန်ဖြင့် ပြောနေသော်လည်း သူ၏ အသံထဲတွင်မူ ပျော်ရွှင်မှုအချို့က စွက်နေလေ၏။ သူသည် ပြောပြီးသည်နှင့်ပင် သူ မူလရပ်နေသည့်နေရာမှ အရိပ်အယောင်ပင် မမြင်ရပဲ ပျောက်ကွယ်သွားတော့သည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now