Vol 3 : Chapter 8

2.8K 615 46
                                    

< Zawgyi >

စုမူကျဲ့ ၏ ထက်ရှလှသည့်အာရုံမှာ သူသည် သူ့ရန်သူ၏ အဆင့်နှင့် လုံးဝနီးစပ်မနေလေကြောင်းကို သိစေလေပြီး အလိုအလျောက်ပင် ထွက်ပြေးလိုက်လိုမိပေသည်။ သို့သော်လည်း ခဲ့လန်မင်အာ့ပိုင် မှာ အနည်းငယ်ပင် ကြောက်လန့်မနေကြောင်းကို တွေ့လိုက်ရသောအခါ သူသည်လည်း အံတင်းတင်းကြိတ်ပြီး ဆက်နေရန် ဆုံးဖြတ်လိုက်၏။

ခဲ့လန်မင်အာ့ပိုင် ၏ လက်ကိုင်တုတ်နှစ်ပိုင်းသည် ဘဂတ် ( ပြင်သစ်ပေါင်မုန့်ချောင်း ) အရွယ်အစားရှိသည့် လက်ကိုင်တုတ်တစ်ချောင်းအဖြစ်သို့ ပြန်ပေါင်းစည်းသွားကြကာ သူမသည် ယင်းကို ပုခုံးပေါ်တွင် သယ်ထားလိုက်သည်။ သူမသည် ပြုံးရင်း ဆိုလိုက်၏။

ခဲ့လန်မင်အာ့ပိုင် ၏ လက်ကိုင်တုတ်နှစ်ပိုင်းသည် ဘဂတ် ( ပြင်သစ်ပေါင်မုန့်ချောင်း ) အရွယ်အစားရှိသည့် လက်ကိုင်တုတ်တစ်ချောင်းအဖြစ်သို့ ပြန်ပေါင်းစည်းသွားကြကာ သူမသည် ယင်းကို ပုခုံးပေါ်တွင် သယ်ထားလိုက်သည်။ သူမသည် ပြုံးရင်း ဆိုလိုက်၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Baguette

" မင်းဘယ်သူလဲဆိုတာ ငါသိသလိုပဲ၊ မင်းက မိစ္ဆာသခင်ပဲ ဖြစ်ရမယ်။ အရှင်က မင်္ဂလာပွဲအတွက် မပြင်ဆင်ပဲ ဒီကိုဘာကြောင့်များ အပြေးအလွှား လာခဲ့တာပါလိမ့် ? အရှင့်လက်အောက်ငယ်သားက အမှန်တကယ်ကို မင်္ဂလာလက်ဖွဲ့ပေးဖို့ ရောက်လာတာပါ။ "

ယုဇီကျွေး သည် မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လင်းရှ ထံသို့ တည့်တည့်မတ်မတ် စိုက်ရောက်သွားကာ ချက်ချင်းပင် သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်မိပေသည်။ သူ့နှလုံးသားမှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မလို ခံစားနေရ၏။

လင်းရှ ကိုယ်ပေါ်မှ မိန်းမအဝတ်အစားများ၏ ခါးစည်းကြိုးမှာ ရက်အနည်းငယ်ကြာအောင် ဝတ်ထားခဲ့သည့်အတွက် လျော့ရဲနေကာ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေသည့်အပြင် ထိုသူမှာ ခေါင်းငိုက်စိုက်ချရင်း တစ်ကိုယ်လုံးမှာလည်း တုန်ယင်နေသေးပေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now