Vol 1 : Chapter 20

4K 878 25
                                    


<Zawgyi>

မသေမျိုးဧည့်မျှော် မျှာ်စင် တွင် တစ်ပတ်မှာ နားရက်တစ်ရက်ရကာ ထိုနားရက်တစ်ရက်တွင် ဂိုဏ်းသားများသည် မိမိတို့ စိတ်ကြိုက် တောင်အောက်သို့ ဆင်းမည်လား၊ သို့မဟုတ် စာကြည့်တိုက်ထဲရှိ ရှေးဟောင်းစာအုပ်များကို ဖတ်မည်လားကို ရွေးချယ်လို့ ရသည့်အပြင် လေ့ကျင့်ကွင်းသို့ပင် သွားရောက် လေ့ကျင့်နိုင်လေသည်။ လင်းရှ သည် မနက်ပိုင်းတွင် ယုဇီကျွေး နှင့် ဆုန်းရှောင်ဟူ တို့ကိုသွားကြည့်ကာ နေ့လည်ခင်းပိုင်းတွင်မူ နှင်းမီးတောက် လေးကို ရှာကြည့်ရန် ဆုံးဖြတ်လိုက်၏။

လင်းရှ သည် မနက်အစောကြီးကပင် မသေမျိုးဧည့်မျှော် မျှော်စင် မှ ထွက်လာလေသောကြောင့် လမ်းတစ်လျှောက်တွင် မှော်သားရဲများကို ခံ့ငြားစွာစီးနင်းနေသည့် အဆင့်မြင့် တပည့်အချို့ကို တွေ့ခဲ့ရလေ၏။ လင်းရှ သည် စိတ်ထဲတွင် အနားငယ် မနာလိုဖြစ်သွားကာ ' ငါလည်း အဲ့ဒီလို ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်အကောင်လေး တစ်ကောင်ကောင်လောက်ကို ရှာမှဖြစ်တော့မယ် ' ဟု ကိုယ့်ဘာသာ တွေးလိုက်မိချေသည်။

သူသည် သိပ်မကြာခင်မှာပင် သစ်သေ တောင် သို့ ရောက်လာတော့သည်။ ထိုနေရာတွင်မူ လင်းရှ ကဲ့သို့သော အဆင့်နိမ့်ဂိုဏ်းသားများသည့် အေးစက်သည့် ကြိုဆိုမှုများကိုသာ ရရှိလေ၏။ သို့သော်လည်း လင်းရှ သည် စိတ်ထဲသိပ်ထားမနေပဲ ယုဇီကျွေး နေသည့်နေရာကို ယဉ်ယဉ်ကျေးကျေးဖြင့် မေးလိုက်ပြီးနောက်တွင်မူ ယုဇီကျွေး မှာ သူ၏ အခန်းထဲတွင် ရှိမနေလေကြောင်းကို သိလိုက်ရပေသည်။

(T/N; တောင်နာမည်က သစ်သေ တောင်လား သစ်ကျောက် တောင်လား ဆိုတာ ရှင်းအက်စ် သေချာမသိပေမယ့် ဒီတစ်ပိုင်းမှာတော့ E tran ရေးတဲ့အတိုင်း သစ်သေ တောင်လို့ပဲ ပြန်လိုက်ပါတယ်။ )

ယောက်ျားလေး ဂိုဏ်းသားတစ်ဦးသည် သူ့ကိုယ်ပေါ်မှ နက်ပြာရောင် အဝတ်အစားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အနည်းငယ် အထင်သေးသည့်ဟန်ဖြင့် ပြန်ဖြေလိုက်၏။

" ညီလေး ၁၈ နဲ့ ညီလေး ၁၉ တို့က လေ့ကျင့်ကွင်းထဲမှာ ရောက်နေကြတယ်။ တစ်ခါတစ်လေကြရင် သူတို့တွေက ရက်တော်တော်ကြာတဲ့အထိ ပြန်မလာတတ်ဘူးဆိုတော့ မင်း စောင့်မနေတာ အကောင်းဆုံးပဲ။ "

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now