< Zawgyi >
ယုဇီကျွေး ၏ အဝတ်ချွတ်သည့်နှုန်းမှာ မြန်ဆန်လှသော်လည်း အဝတ်ပြန်ဝတ်ချိန်တွင်မူ အတော်လေး နှေးကွေးလှကာ လှုပ်ရှားမှုတိုင်းသည် အထက်တန်းကျသည့် လူများ၏ ဟန်ပန်များနှင့် တစ်ပုံစံတည်းပင် ဖြစ်လေသည်။
လင်းရှ သည် ထိုမြင်ကွင်းကို ဆက်ကြည့်နေဖို့ အတော်လေး ရှက်စရာကောင်းလှသည်ဟု ခံစားလိုက်ရသောကြောင့် အလျှင်အမြန် ဘေးဘက်သို့ အကြည့်လွှဲလိုက်၏။ သို့သော်လည်း သူသည် ထိုဘက်မျက်နှာချင်းဆိုင်ဖက်ရှိ ကြည်လင်လှသည့် ကြေးမုံပြင်ပေါ်မှ ကိုယ့်ပုံကိုယ် ပြန်တွေ့လိုက်ရသောအခါ ကြောင်အသွားရလေတော့သည်။
____ Fuck ! ယုဇီကျွေး က ငါ့ကို ကြည့်ချင်စိတ်ရှိနေသေးတာကိုပဲ ကျေးဇူးတင်ရတော့မှာပဲ !
မြင်နေကျမဟုတ်သည့် စက်ဝိုင်းသဏ္ဌာန် ကြေးမုံမျက်နှာပြင်မှာ ကြေးဝါနှင့် ပြုလုပ်ထားခြင်းမဟုတ်ပဲ ထိုအစား ထူးခြားသည့် စွမ်းအင်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ထိုကြေးမုံနှင့် ပြဒါးသုတ်ထားသည့် ကြေးမုံတို့၏ အရည်အသွေးမှာ ထပ်တူနီးပါးမျှ ရှိချေသည်။ သူ၏ နှဖူးစည်း စည်းထားသည့် ခေါင်းမှာ အာဟာရပြတ်လပ်နေပုံရသလို ပိန်ပါးကာ အရိုးများပါ မြင်ရနေသည့်အပြင် ချိုင့်နေသည့် မျက်တွင်းများကြောင့် မျက်လုံးများက တစ်နည်းတစ်ဖုံ ကြီးမားနေဟန် ပေါ်လေ၏။ ထို့အပြင် ပိန်ညောင်ကာ အထိမခံအောင် ကျိုးပဲ့လွယ်ပုံပေါ်နေသည့် လက်မောင်းများကလည်း ကြည့်ချင်စရာပင် မရှိချေ။ သူ့ဖြူရော်ရော် အသားအရေကြောင့်သာ မဟုတ်လျှင် ထိုပုံမှာ အာဖရိကမှ အငတ်ဘေးဒုက္ခသည်နှင့်ပင် တူနေပေသည် ……
အရင်တုန်းက သူ့ရဲ့ရုပ်ရည်က သိပ်မဆိုးလှဘူး ဆိုပေမယ့်လည်း အခုလက်ရှိတွင်မူ သူသည် အလိုလိုပင် ယုဇီကျွေး ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို လေးစားသွားရ၏။
ယုဇီကျွေး ပြန်ရောက်လာပြီးနောက် သူ့ကို ဖက်လိုက်သောအခါ လင်းရှ သည် ရုတ်တရက်
" မင်း ကျောပေးထားတာက ပိုကောင်းမယ်။ "
ဟု ပြောလိုက်မိလေသည်။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...