Vol 1 : Chapter 26

3.5K 727 29
                                    

<Zawgyi>

လင်းရှ ၏ ပထမဆုံး အတွေးမှာ ကလေးနှစ်ယောက်ကို ခေါ်ပြီး အထုပ်အပိုးတွေ ပြင်ကာ ထွက်ပြေးရန်ပင်။

သို့သော်လည်း ထိုကိစ္စကို မည်သို့ လုပ်နိုင်မည်နည်း ?

လောလောဆယ်တွင် ဆုန်းရှောင်ဟူ သည် အခြားတစ်နေရာတွင် တာဝန်ကျနေသည့်အပြင် ထိုသို့ ရုတ်တရက် ထွက်ပြေးပါက အခြားသူများ၏ ထံမှ သံသယ အဝင်ခံရနိုင်ပေသည်။

ဤကမ္ဘာတွင် " တစ်သက်တာ ဆရာတစ်ဦး " ကဲ့သို့သော ရိုးရာမျိုး ကျင့်ကြံခြင်း မရှိပဲ ကျင့်ကြံသူများသည် သူတို့၏ လက်ရှိ ဆရာထံမှ ခွင့်ပြုချက်ကိုသာ ရပါက ပို၍ အင်အားကြီးသော ကျင့်ကြံသူ အများအပြား၏ တပည့်အဖြစ် နေနိုင်၏။ သို့သော်လည်း ထိုသူကသာ ခွင့်ပြုချက်မရပဲ ထွက်ခွာသွားမည်ဆိုပါက သစ္စာဖောက်အဖြစ် သတ်မှတ်ခြင်း ခံရမည်ဖြစ်ကာ အခြားသော သာမန်ကျင့်ကြံသူများ၏ အထင်သေး စိတ်ပျက်မှုများကိုပါ ခံစားရပေလိမ့်မည်။

သူ၏ ရင်ဘတ်ပေါ်တွင် ကျောက်ခဲတုံးကြီး ပိနေသကဲ့သို့ ခံစားနေရသော်လည်း တစ်ချိန်တည်းမှာပင် အနည်းဆုံးတော့ ဤခေတ်၌ လက်ဗွေရာစစ်သည့် စနစ်မရှိကြောင်း ဖြေသိမ့်နေမိ၏။ တစ်ဖက်လူမှာ ရှန်းယန် ၏ အလောင်းကိုပင် ရှာတွေ့ချင်မှ တွေ့ပေမည်။

သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီးနောက် လင်းရှ သည် နောက်ဆုံးတွင် စိတ်ငြိမ်သွားကာ ပစ္စည်းများသိမ်းဆည်းပြီး အခြားသော မသေမျိုးဧည့်မျှော် မှ တပည့်များနောက်သို့ လိုက်သွားလိုက်၏။ လက်ရှိတွင် သူစိတ်အပူဆုံးမှာ ယုဇီကျွေး ကိုပင်၊ ထိုကလေးသည် ဤကိစ္စများအကြောင်းကို ယခုထိသိဦးမည် မဟုတ်ချေ …

လင်းရှ ၏ အတွေးမှာ မှန်ပေ၏။ ယခုအချိန်ထိ ယုဇီကျွေး သည် လာရောက်မည့် ဧည့်သည်များနှင့် ပတ်သတ်သည့် အကြောင်းများကို သတိမထားမိသေးပေ။

ထိုကောင်စုတ်လေးမှာ အခြားသူများ နားပင်မလည်နိုင်သည့် ဓားကျင့်ကြံခြင်းများကို လွယ်လွယ်ကူကူ ကျွမ်းကျင်သွားပြီးနောက် အခြားသော ကျင့်ကြံသူများ နှစ်ပေါင်းများစွာ ကုန်လွန်ပြီးမှ ရောက်ရှိနိုင်မည့် ကျင့်ကြံဆင့်များကိုလည်း အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့၏။ သူတို့၏ အလွန်တရာမှ စည်းကမ်းတင်းကြပ်ကာ အေးစက်သည့် ဆရာပင်လျှင် ထိုသို့သော တပည့်သစ်လေးအား အမြဲလိုလို ချီးကျူး ကြွားဝါလိမ့်မှာပင်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now