Vol 2 : Chapter 21

2.8K 633 68
                                    

< Zawgyi >

နောက်တစ်ပတ်နီးပါးမျှကြာသည်အထိ သူတို့နှစ်ဦးသည် တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်းမဆိုင်မိကြချေ။

လင်းရှ သည် ယုဇီကျွေး မှ သူ့ကိုမြင်တိုင်း နာကျင်နေရမည်ကို စိုးရိမ်သည့်အတွက် တမင်တကာပင် ဆုန်းရှောင်ဟူ ၏ နေရာသို့ သွားနေခဲ့၏။

အသည်းကွဲတယ်ဆိုတာမျိုးက ရက်နည်းနည်းလောက်ဖြစ်ဖြစ် အချိန်ယူပြီးတော့ သူ့အတွေးသူ ဖြည်းဖြည်းချင်း ရှင်းလင်းသွားစေလိုက်တာ အကောင်းဆုံးပင်။

ဆုန်းရှောင်ဟူ သည် နည်းနည်းလေးမျှ သံသယမဝင်မိပဲ ထို့ထက်သာမက အားအင်အပြည့်ဖြင့် ဖြစ်နေကာ အတော်လေး တက်ကြွနေပေသည်။ နောက်ပိုင်း လင်းရှ မှ ဂရုမစိုက်သလိုဟန်ဆောင်ကာ ယုဇီကျွေး အကြောင်း မေးကြည့်လိုက်သောအခါတွင် ဆုန်းရှောင်ဟူ သည် မဆိုစလောက် သံသယဝင်နေဟန်ဖြင့် ပြန်ဖြေလာလေ၏။

" အားကျွေး လား ? ဒီရက်ပိုင်းအတွင်း သူပိုပြီးတော့တောင် အလုပ်ကြိုးစားနေသလိုပဲ __ လင်းတာ့ကော၊ အစ်ကို အခုတစ်လော ဘာလို့သူ့ကို သွားမတွေ့တာလဲ ? "

လင်းရှ သည် သူ၏သံသယများကို ရှောင်ရှားရန်အတွက် သာမန်ကာလျှံကာ အကြောင်းပြချက်တစ်ခုကို ရှာလိုက်ပြီး စွမ်းအင်ဓားများလုပ်နေချိန် အာရုံစိုက်ဖို့လို၍ ဟုသာ ပြန်ဖြေလိုက်လေသည်။ သို့သော်လည်း ဆုန်းရှောင်ဟူ ၏ စကားများကိုကြားလိုက်ရပြီးနောက် သူ့စိတ်မှာ ပို၍ပင် အုံ့မှိုင်းလာရ၏။

လင်းရှ သည် ယုဇီကျွေး အား အလွန်စိတ်ပူကာ တကယ်ကိုပင် တစ်ချက်လောက်ဖြစ်ဖြစ် သွားကြည့်လိုက်ချင်သော်လည်း အခုလောလောဆယ်တွင် သူစိတ်ပျော့သွား၍မရကြောင်းကို သေချာသိသည့်အတွက် စွမ်းအင်ဓားများကို သွန်းလုပ်သည့်နေရာတွင်သာ အာရုံများအားလုံးကို စုပုံထားလိုက်ချေသည်။ သူသည် နေ့ညမအိပ်ပဲ ဓားများကိုသွန်းလုပ်၍ ပြီးသွားသည့်အခါတွင်မူ အချိန်တစ်လပင် ရှိသွားပြီဖြစ်၏။ သူသည်လည်း ကိုယ်အလေးချိန်အတော်လေး ကျသွားသလို မျက်လုံးများလည်း နီရဲနေပြီး မသိလျှင် ပြင်းပြင်းထန်ထန် ဖျားနာနေသည့် လူမမာအလား ယဲ့ယဲ့သာ ကျန်လေတော့၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now