< Zawgyi >
အခန်းထဲတွင် လူနှစ်ယောက်သာ ကျန်တော့သောအခါ လင်းရှ သည် ချက်ချင်းလိုလိုပင် မသက်မသာဖြစ်လာသလို အနည်းငယ်မျှလှုပ်ရှားလိုက်လျှင်ပင် ကို့ယို့ကားယားနိုင်သည်ဟု ခံစားနေရသည်။ သို့သော်လည်း မေးစရာရှိသည်ကတော့ မေးရမည်ပင်။ သူသည် ဂရုတစိုက်ဖြင့် မေးလိုက်၏။
" မိန်းကလေး မုရုန်၊ မင်း …… အရင်တုန်းက အားကျွေး နဲ့ သိခဲ့ဖူးတာလား ? "
မုရုန်ရွှယ် သည် ခေါင်းငြိမ့်ပြလာကာ အသံနိမ့်နိမ့်ဖြင့် ပြောလာလေသည်။
" ကျွန်မငယ်ငယ်တုန်းက သူ့ကို မြင်ဖူးပါတယ်။ "
သူမ ငယ်စဉ်ကတည်းက သူမဘယ်ကိုသွားသွား သူမနောက်တွင် အမိန့်နာခံကာ လေးစားသမှုရှိသည့် မိန်းမစေများက အရိပ်ပမာ လိုက်ခဲ့ပေသည်။ သူမသွားခဲ့ဖူးသည့် အဝေးဆုံး အကွာအဝေးမှာ မြင့်မြတ်အပျိုစင် တောင်ထွတ် ၏ နန်းဆောင်မှ ဆေးစပ်ခန်းသို့သာ ဖြစ်လေ၏။ သူမအား သူစိမ်းတစ်ရံဆံများနှင့် စကားမပြောရန် ပြောထားခဲ့သလို တောင်အောက်သို့ ဆင်းခွင့်လည်းမရှိကြောင်း ပြောခဲ့လေသည်။ သူငယ်ချင်းဖွဲ့ခြင်းကိုပင်လျှင် တားမြစ်ထားခဲ့၏ __ ထိုနေရာတွင် နေသည့်သူများအားလုံးက သူမ၏ ဘက်တော်သားများသာ ဖြစ်ချေသည်။
သူမ အသက်လေးနှစ်အရွယ်သို့ ရောက်သောအခါ ဆေးပင်စိုက်ခင်းထဲ၌ မိန်းမကြီးအချို့မှ သူမတစ်ခါမျှ မမြင်ဖူးသည့် ကလေးတစ်ယောက်အား ရိုက်နှက်ဆူဆဲနေသည်ကို တွေ့ခဲ့ရလေသည်။ ထိုကလေးသည် သူမနှင့် အသက်တူတူမျှရှိသော်လည်း ပိန်ပါးလွန်းကာ သနားစရာကောင်းလှ၏။
သူသည် လူကြီးအချို့မှ ဝန်းရံပြီး ရိုက်နှက်ကာ ဆူပူသည်ကို ခံနေရသော်လည်း သူ၏ ပါးစပ်ကို တင်းတင်းစေ့ထားကာ အသံတစ်သံမျှ မထွက်လာစေခဲ့ချေ။
သူ၏ မျက်လုံးထောင့်စွန်းတွင်မူ မှဲ့တစ်စက်ရှိနေပေသည်၊ သွေးပမာ ရဲရဲနီလှသည့် အနီရောင်ဖြစ်လေ၏။
မုရုန်ရွှယ် ၏ ငယ်ရွယ်သည့်နှလုံးသားလေးမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားရကာ ချက်ချင်းပင် ငိုယိုမိလေတော့သည်။ သူမ၏ အစေခံသည် အလျှင်အမြန် ရောက်လာပြီးနောက် ထိုအမျိုးသမီးများအား ဒူးထောက်ကာ သူတို့ပါးစပ်သူတို့ အခါတစ်ရာရိုက်စေရန် အမိန့်ပေးပြီးနောက် ဆိုလိုက်၏။
VOUS LISEZ
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...