<Zawgyi>
ယုဇီကျွေး ၏ မျက်လုံးထဲ၌ အနက်ရောင် အငွေ့အသက်များ ဖြတ်သန်းသွားကာ သူသည် လင်းရှ ကို အလျှင်အမြန် ဆွဲပြီး နောက်ပြန်လှည့်လာသောကြောင့် ဆုန်းရှောင်ဟူ သည်လည်း သူတို့၏ နောက်မှ လိုက်ခဲ့ရလေသည်။
သူတို့ ထိုနေရာသို့ ရောက်သွားသောအခါ ရှုယန် နှင့် အခြားသူများသည် ထိုနေရာတွင်ရှိနေပြီး လျှပ်စီးဒြပ်စင် အခြေခံ လက်နက်များကိုင်ဆောင်ထားသော ထူးဆန်းသည့် ကျင့်ကြံသူတစ်သိုက်၏ အဝိုင်းကို ခံနေရကာ ပိယွမ် ကမူ ခပ်ဝေးဝေးတစ်နေရာတွင် မတ်တပ်ရပ်နေချေ၏။ လင်းရှ သည် ထိုသူတို့၏ အစိမ်းရောင် ဂိုဏ်းဝတ်စုံများအရ ချင်းမင်သုံ ဂိုဏ်းသားများ ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်ချေသည်။
သို့သော်လည်း ချင်းမင်သုံ မှ လူများသည် ရှုယန် နှင့် ကျန်သူများနှင့်ပတ်သတ်ရလောက်အောင် ဘာကိစ္စများ ရှိနေလို့လဲ ?
ယုဇီကျွေး သည် ထိုနေရာသို့ ခုန်ဝင်ခါနီးဖြစ်နေသည့် ဆုန်းရှောင်ဟူ အား တားလိုက်ပြီးနောက် သစ်ပင်နောက်ကွယ်မှနေ၍ သေသေချာချာ အကဲခတ်ကြည့်နေပေသည်။
ပိယွမ် သည် အရောင်တောက်တောက် ပုလဲလုံးများ သီဆွဲထားသည့် ကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ခြေကျင်းဝတ်တွင် ချည်နှောင်ထားသည့် ရွှေရောင်ဆည်းလည်းများနှင့် သူမ၏ ဆံပင်အား ခပ်လျော့လျော့ စည်းနှောင်ထားသည့် ကျောက်စိမ်း ဆံညှပ်တို့ဖြင့် အတော်လေး ကြည့်ကောင်းကာ လှပနေချေ၏။ သူမသည် သူမ၏ ဆံနွယ်လေးများအား လက်ချောင်းများကြားတွင် ရစ်ပတ်ကာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရင်း နူးညံ့စွာဆိုလာ၏။
" ဒီ ရှစ်ရှုန်း သုံးယောက်က တကယ့်ကို မသိတတ်တာပဲ၊ တို့က လမ်းလေး မေးမိတဲ့ဟာကို၊ ရှင်တို့က မိန်းကလေးတစ်ယောက်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံကြတာပဲ။ အဲ့လိုမျိုးကို တို့ သဘောမကျဘူး။ ချင်းမင်သုံ က ရှစ်ရှုန်းတို့ သူတို့ ကျွန်မကို အနိုင်ကျင့်နေကြတယ်ရော်။ "
လင်းရှ သည် ထိုမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းများပင် တွန့်ကွေးသွားရသည်။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...