< Zawgyi >
" ဒါဆို ဒါက နမ်းတယ်လို့ ခေါ်တာလား ? "
ယုဇီကျွေး သည် သူ၏ နှုတ်ခမ်းကို သပ်လိုက်ကာ သူ့မျက်လုံးများသည် အမှောင်ထဲတွင် ကြောက်စရာကောင်းလောက်အောင် တောက်ပလာလေ၏။
" ဘာလို့ ယောက်ျားနှစ်ယောက်က ဒါကို မလုပ်နိုင်ရတာလဲ ? မင်းက ဒါကို မုရုန်ရွှယ် ဒါမှမဟုတ် တစ်ခြားမိန်းမတစ်ယောက်နဲ့အတူ လုပ်ချင်တာလား ? "
လင်းရှ သည် သူ၏ မျက်လုံးထဲသို့ စိုက်မကြည့်ရဲပဲ အလျင်စလိုဖြင့် ရှင်းပြလိုက်သည်။
" အစ်ကိုပြောချင်တာ ဒါမဟုတ်ဘူး၊ ဒါက တစ်ယောက်ကို တစ်ယောက် အချင်းချင်း သဘောကျတဲ့သူတွေပဲ လုပ်ကြတဲ့ဟာမို့လို့ …… "
ယုဇီကျွေး ၏ နှလုံးမှာ တင်းကြပ်သွားကာ မခံမရပ်နိုင်အောင် ချဉ်စူးသည့် နာကျင်မှုကိုသာ ခံစားလိုက်ရပေ၏။ သူသည် အံကြိတ်လိုက်ပြီးနောက်
" ပြောချင်တာက ငါက မင်းကို သဘောကျပေမဲ့ မင်းကတော့ ငါ့ကို မုန်းတယ်ပေါ့လေ ?! "
" …… "
လင်းရှ သည် ဘဲတစ်ကောင်နှင့် စကားပြောနေသည့် ကြက်အလား ပြောစရာခွန်အားမရှိတော့သလို ခံစားလိုက်ရ၏။
" အဲ့လိုမျိုးမဟုတ်ဘူး၊ သေချာပေါက် အစ်ကိုက အားကျွေး ကို သဘောကျတာပေါ့ …… "
သူသည် နောက်ဆက်တွဲ " ဒါပေမယ့် " ကို မပြောနိုင်သေးမီမှာပင် ယုဇီကျွေး သည် သူ့ရှေ့တွင် နောက်တစ်ခါ ပေါ်လာကာ သူ့လက်နှစ်ဖက်လုံးအား ဖိထားရင်း သူ့နှုတ်ခမ်းပေါ်သို့ နမ်းလာပြန်လေသည်။
လင်းရှ သည် ကြောင်တောင်တောင် ဖြစ်သွားကာ ဒေါသထွက်နေသည့်အတိုင်း ယုဇီကျွေး ကို တွန်းထုတ်ပစ်လိုက်ချင်သော်လည်း တစ်ဖက်သူသည် ထိုသည်ကို ကြိုတင်သတိထားပြီးသားဖြစ်ပြီး အားကို မြှင့်လိုက်လေရာ သူ၏ စကားပြောရန် ကြိုးပမ်းမှုများအားလုံးသည် ယုဇီကျွေး ၏ ပါးစပ်ထဲ၌ ပျောက်ဆုံးသွားရလေပြီး " ဝုဝု " ဆိုသည့် အသံများသာ ထွက်လာလေတော့သလို သူ့ပါးစပ်ထဲရှိ နေရာမှာလည်း အပြည့်အဝ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံလိုက်ရလေတော့၏။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...