< Zawgyi >
ယုဇီကျွေး သည် ထိုစကားကို ကြားရသောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားရသည်။ ဆုန်းရှောင်ဟူ သည်လည်း ဒေါသထွက်သွားကာ ဆိုလိုက်၏။
" မင်းရဲ့ ယောက်ျား ဆိုတာ ဘာကို ပြောချင်တာလဲ ? မင်းလိုမိန်းမမျိုးက …… တကယ် အရှက်မရှိဘူးပဲ ! "
ခဲ့လန် မင်အာ့ပိုင် သည် ရယ်မောလိုက်၏။
" ယောက်ျားတွေက မိန်းမတွေကို အတင်းအကြပ်ယူလို့ရတယ်ဆိုရင် ဘာလို့ မိန်းမတွေကကော ယောက်ျားတွေကို အတင်းအကြပ် ယူလို့ မရရမှာလဲ ? ပြီးတော့ ငါ့နောက်လိုက်မယ်ဆိုရင် သက်သောင့်သက်သာရှိတဲ့ ဘဝကိုရဖို့ ငါအာမခံတယ်၊ ဘာတွေများ မကျေနပ်စရာရှိလဲ ? "
" …… အရှက်မဲ့လိုက်တာ ! "
ဆုန်းရှောင်ဟူ သည် သူမကို မည်သို့ပြန်ပြောရမည်မှန်း မသိသည့်အတွက် ထိုစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲ ပြန်ပြောနေမိပေသည်။
လင်းရှ သည် ခါးသက်စွာ ရယ်မောလိုက်၏။
" မိန်းကလေး၊ အဆုံးမှာတော့ လူတစ်ယောက်က သူ့မြင်းကို ရေစပ်ဆီ ခေါ်သွားပေးနိုင်ပေမယ့်လည်း ရေသောက်ဖို့ကိုကျ အတင်းအကြပ် လုပ်လို့မရဘူးလေ။ မိန်းကလေးလည်း အတင်းအကြပ်လုပ်တဲ့ လုပ်ရပ်က မမှန်ဘူးပဲ သိနေတာပဲ ဘာကြောင့် ကျွန်တော့်ရဲ့ ညီငယ်လေးကို ဖိအားပေးချင်ရတာလဲ ? "
(T/N ; အဲ့ဒီ စကားပုံက အရာရာကို အတင်းအကြပ်လုပ်လို့မရဘူးလို့ ဆိုလိုတာပါ။ )
ခဲ့လန် မင်အာ့ပိုင် သည် သွားစွယ်များပေါ်သည်အထိ ပြုံးလိုက်၏။
" အကယ်လို့ မင်းစိတ်မပါဘူးဆိုရင် ငါ့ရဲ့ ယောက်ျားမလုပ်လဲ ကိစ္စမရှိဘူး၊ ငါနဲ့အတူ ပင်လယ်ပြင်မှာ လွတ်လပ်မှုရဲ့ အရသာကို ခံစားလို့ရတယ်။ ပြောကြည့်လေ၊ ဒါက မြင့်မြတ်ပါတယ်ဆိုတဲ့ သူတော်ကောင်းအယောင်ဆောင် ဂိုဏ်းတွေထဲဝင်ရတာထက် ပိုပြီး သန်မာတယ်မဟုတ်လား ? "
လင်းရှ ၏ နှလုံးသားမှာ ခုန်လှုပ်သွားရ၏။ ခဲ့လန် မင်အာ့ပိုင် သည် သူမစိတ်ထဲတွင်ရှိသည့်အတိုင်း လုပ်နေခြင်းဖြစ်ကာ အခြားသော မိစ္ဆာကျင့်ကြံသူများနှင့်ယှဉ်လျှင် အနည်းဆုံး သူမသည် ထိုသူတို့ကဲ့သို့ သွေးမဆာချေ။ မဟုတ်ပါက မူလဇာတ်လမ်းတွင် သူမသည် ဇာတ်လိုက်ကြောင့် ခံစားသွားရပြီး သူတို့အုပ်စုနောက်သို့ လိုက်လာခဲ့မှာ မဟုတ်ပေ။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...