Vol 3 : Chapter 6

2.6K 550 51
                                    

< Zawgyi >

ထိုလူ၏ အပြောမှာ တဲ့တိုးဆန်လှပြီး စကားလုံးများက သူ့ပါးစပ်မှ အဆက်မပြတ်ထွက်လာလေရာ စားသောက်ဆိုင်အတွင်းမှာ ချက်ချင်းပဲ ရုတ်ရုတ်သဲသဲဖြစ်သွားရ၏။ ယင်းကိစ္စကို မသိသေးသည့်သူများက အလောတကြီး မေးမြန်းလာကြပြီး သိပြီးသားသူများကမူ ထိုအကြောင်းနှင့်ပတ်သတ်သည့် သူတို့အတွေးများကို သူတို့အချင်းချင်း ပြောဆိုနေကြချေသည်။ မည်သူကမျှ ထောင့်တစ်နေရာမှ လူငယ်လေးတစ်ဦးသည် ထိုစကားများကို ကြားသွားကြောင်း သတိမထားမိကြချေ။ ထိုအခိုက်တွင် သူ့လက်ထဲမှ ဆန်ပြုတ်ပန်းကန်မှာ မှောက်ကျလုဆဲဆဲပင် ဖြစ်သွားရလေသည်။

စုမူကျဲ့ သည် မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းရှ လက်ထဲမှပန်းကန်လုံး ပြုတ်မကျအောင် ထိန်းပေးလိုက်၏။ ထို့နောက် အနည်းငယ် အံ့သြနေသည့်လေသံစွက်ကာ

" သည်းခံပါ မမလေး၊ ဒီဂိုဏ်းရဲ့ လက်ထပ်ပွဲအကြောင်းလေးကို သိရဖို့ ဟောဒီက လောင်ဇီ က အပင်ပန်းခံ စုံစမ်းပေးမှာမဟုတ်ဘူးနော်၊ သိတယ်မလား ? "

အဆုံးတွင်မူ ယုဇီကျွေး သည် ရာထူးဆက်ခံပြီးနောက် သူ၏တာဝန်များကို ထမ်းဆောင်ရမည့်အချိန်က ရောက်လာတော့မှာပင်။ အကယ်၍ ချန်ခွင်း ဂိုဏ်း၏ လက်အောက်တွင် သစ္စာရှိဂိုဏ်းခွဲပေါင်း အမြောက်အမြားရှိပြီး ဂိုဏ်းမှ စနစ်တကျ အုပ်ချုပ်နေသည်ဆိုလျှင်ပင် အစောင့်အရှောက် သုံးဦးသည် သူတို့၏ မူလနေရာမှ ပြန်မလာကြသေးချေ။ ထို့အပြင် ဂိုဏ်းငယ်များမှ ကျင့်ကြံသူတစ်ဝက်နီးပါးမျှလောက်ကလည်း သူ့အား လက်မခံနိုင်ကြပေ။ နေရာတိုင်းတွင် နားများရှိနေသည့်အတွက် ပုံမှန်အားဖြင့် လူများသည် လက်လွတ်စပယ် အပြစ်မပြောရဲကြသော်လည်း ယခုအခါတွင်မူ ချန်ခွင်း ဂိုဏ်းသည် အလွန်တရာမှ အလုပ်များနေသည့်အခါ ထိုလူသည် သူ့ပါးစပ်ကို စည်းမရှိကမ်းမရှိ ပြောရဲလာချေသည်။

ယုဇီကျွေး သည် ငယ်ရွယ်သေးလွန်းကာ ရုပ်ရည်ကလည်း အလွန်တရာမှ ချောမောသည့်အတွက် သူ့အား ဒေါသထွက်ကာ လက်မခံနိုင်ကြသည့်သူများက ရှိနေဆဲပင်။ ထိုသူများသည် သူတို့၏ မကျေနပ်ချက်များကို ဖော်ပြရန်အတွက် သူ့အား နောက်ကွယ်တွင် မိစ္ဆာခေါင်းဆောင် ဂုဏ်ပုဒ်ပဲရှိတဲ့ ကောင်ချောလေး ဆိုပြီး ပြောဆိုကာ လှောင်ပြောင်ကြလေ့ရှိချေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now