Vol2 : Chapter 23

3.2K 633 83
                                    

< Zawgyi >

အဖြူရောင် ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် အရိပ်ထဲမှ လမ်းလျှောက်ထွက်လာလေသည်။ တစ်ချက်ကြည့်လိုက်မိပြီးနောက် ပိယွမ် ၏ မျက်လုံးထဲတွင် ကြယ်ပွင့်များ တလက်လက်တောက်လာကာ သူမသည် ပုခုံးပေါ်မှ အနာကို ဖိကိုင်ထားရင်း လှမ်းအော်လိုက်လေ၏။

" ပိုင်ယွမ့်ဟုဖာ ! "

မင်ကျဲ့ သည် သူမအား တစ်ချက်ကလေးပင် လှည့်မကြည့်လေပဲ စိတ်ပျက်သည့်ဟန်ဖြင့် ပြောလာပေသည်။

" အသုံးမကျလိုက်တာ။ "

" …… "

ပိယွမ် သည် တစ်ကိုယ်တည်း နှုတ်ခမ်းစူလိုက်ကာ သူမ၏ အနာကို စည်းနှောင်ရန်အတွက် အလျှင်အမြန်ပင် အဝေးသို့ ရှောင်လိုက်ချေသည်။

မင်ကျဲ့ ၏ ရုပ်သေးပညာမှာ တစ်မိုးအောက် တစ်ယောက်ဟု ဆိုရလောက်အောင် အတုမရှိချေ။ ထို့အပြင် သူသည် လက်ရှိမှာ သူတော်ကောင်းဂိုဏ်းများ၏ ပိုင်နက်အတွင်းသို့ ရောက်နေသည်ဖြစ်သောကြောင့် သတိကြီးကြီးထားနေသည့် အခြေအနေတွင် ရှိနေပြီး သူယူလာခဲ့သည့် ရုပ်သေးရုပ်သုံးရုပ်စလုံးမှာ အသန်မာဆုံးများ ဖြစ်ကြ၏။ ထိုအနက်မှ တစ်ခုသည် လောလောလတ်လတ် ဖန်တီးထားသည့် အဆင့်ရှစ် မိုးကြိုးဒြပ်စင်အခြေခံ ရုပ်သေးရုပ်ဖြစ်ကာ အတော်လေးရှားပါးသည့် အမျိုးအစားဖြစ်ပေသည်။

ပိုင်ရှန်း သည် အော်ဟစ်လိုက်၏။

" မင်းကကော ဘယ်လိုမကောင်းဆိုးဝါးလဲ ? "

မင်ကျဲ့ သည် ပြန်ဖြေရန် ဂရုပင်မစိုက်ပဲ သူ့လက်ထဲရှိ စွမ်းအင်ကြိုးကိုသာ ဆွဲလိုက်ပြီးနောက် ထိုလေးဦးအား တိုက်ခိုက်ရန် အတွက် အဆင့်ခြောက် ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်ချေသည်။

ပိုင်ရှန်း သည် ထိတ်လန့်မနေပေ။ မင့်မြတ်အပျိုစင် တောင်ထွတ် ၏ ဆေးပညာမှာ အတုမရှိဖြစ်ကာ ထိုအထဲတွင် အဆိပ်ဖြေသည့် နည်းလမ်းများလဲ ပါဝင်ပေသည်။

" သတိထားကြ ! "

သူမသည် ရန်သူမှာ သန်မာကြောင်း သိသည့်အတွက် ချက်ချင်းပင် အော်ဟစ်သတိပေးလိုက်၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Tahanan ng mga kuwento. Tumuklas ngayon