Vol 1 : Chapter 28

3.2K 739 17
                                    

<Zawgyi>

ရခဲတိမ်ခွဲ သားရဲ ၏ အလျှင်မှာ င်းမီးတောက်လေး ကို မမီသော်လည်း သူ့အလျှင်နဲ့သူ အတော်မြန်လေသည်။ လင်းရှ သည် ထိုတပည့်ကြောင့် ဇောက်ထိုးအနေအထားဖြင့် အဆွဲခံသွားရရာ သူ့ခေါင်းတစ်ခုလုံး တဒုတ်ဒုတ်ဖြင့် နာကျင်နေပြီး အတွေးတောင် ဖြောင့်ဖြောင့် မတွေးနိုင်ချေ။ လက်ရှိတွင် သူ၏ စိတ်ထဲတွင် အတွေးပေါင်းမြောက်မြားစွာ ဖြတ်ပြေးနေကာ ယခုအခြေအနေနှင့် ယွင်ရှောက် မြို့မှရောက်လာသည့် သူများကို ဆက်စပ်တွေးကြည့်လိုက်ပါက ရှန်ယန် ၏ ကိစ္စကို သိသွားကြတာပင် ဖြစ်ပေလိမ့်မည်။ သူ့ရင်ဘတ်သည် ရုတ်ချည်းတင်းကြပ်သွားရ၏၊ ထိုသို့သာဆိုပါက ယုဇီကျွေး ကကော ?

သူတို့သည် သိပ်မကြာမီအချိန်တွင် သစ်သေတောင် ၏ အဓိကခန်းမထဲသို့ ရောက်ရှိလာကာ သူသည် ခန်းမအလယ်သို့ ကြမ်းကြမ်းတမ်းတမ်း ခါထုတ်ခံလိုက်ရ၏။ အကောင်းဖက်ကကြည့်လျှင်မူ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြိုးများသည် သူ့အလိုလို ပြေသွားကြသော်လည်း သူ၏ လက်ကောက်ဝတ် နှင့် ခြေကျင်းဝတ်များတွင် အားတင်းတင်းကြောင့် ဖြစ်ပေါ်လာသော ခရမ်းရောင် အတွင်းကြေ ဒဏ်အချို့ဖြစ်နေတော့သည်။

လင်းရှ သည် သနားစရာကောင်းစွာ လေးဘက်ထောက် ထလိုက်ပြီးနောက်တွင်မှ လက်ရှိတွင် အထက်တွင်ထိုင်နေကြသည့် သူများထံမှ အဓိပ္ပာယ် မဖော်နိုင်သည့် အကြည့်များသည် သူ့အပေါ်တွင် စုပြုံကျရောက်နေလေကြောင်းကို သတိထားမိသွားရ၏။ သူသည် တည်ငြိမ်ချင်ယောင်ဆောင်နေသော်လည်း သူ၏ လက်ဖဝါးများကမူ ချွေးများဖြင့် ရွှဲနစ်နေပြီဖြစ်သည်။ သူသည် မျက်လုံးထောင့်စွန်းမှတစ်ဆင့် ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယုဇီကျွေး ကို မတွေ့ရသောအခါ သူ့နှလုံးသားထဲရှိ မသက်သာမှုနှင့် စိတ်ပူပန်မှုတို့က ပို၍ မြင့်တက်လာရ၏။

သူ့ကိုတွေ့သောအခါ ဆွ့ယွဲ့ သည် မသိလိုက်ပဲ

" အာ "

ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ ဆွ့ယွဲ့ သည်လည်း အတော်လေး အံ့သြသွားရသည်ပင်။ ယခင်က သူသည် ဤနူးညံ့ကာ ယဉ်ကျေးသည့် လူငယ်လေးအပေါ် အတော်လေးကောင်းသည့် အမြင်ရှိသော်လည်း သူတို့သည် ဤသို့သော အခြေအနေမျိုးဖြင့် ခပ်မြန်မြန်ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now