Vol 3 : Chapter 10

3K 549 39
                                    

< Zawgyi >

လင်းရှ သည် ယုဇီကျွေး အပြင်ထွက်သွားသည်နှင့် ချက်ချင်းပင် နောင်တရလာမိ၏။ ထိုနောင်တကြောင့် သူ့ကလီစာများပါ အစိမ်းရောင်သမ်းလာလုမတတ်ပင်။

သူသည် သူ့၏ ထိုအသားစိုင်တစ်စုံ မရှိပါသည့် သေးသွယ်လှသော ကိုယ်ခန္ဓာကို ကြည့်လိုက်ပြီးနောက် ဤသို့သော ကိုယ်ကို ယုဇီကျွေး မှ မည်သို့စိတ်ဝင်စားနိုင်တာပါလိမ့်ဟု တွေးလိုက်မိ၏ ……

(T/N ; Boobs ကိုပြောတာပါ။ )

သူတို့နှစ်ယောက်စလုံးက အတူတူပင်။ ငါ့မှာရှိတာက သူ့မှာလဲ ရှိနေတာပဲ !

သူ့စိတ်ထဲတွင် ယုဇီကျွေး ၏ စာကြည့်ခန်းမှ ပန်းချီစာအုပ်များအကြောင်း ပေါ်လာကာ ထိုပုံများအပေါ်တွင် သူရင်းနှီးသည့် လက်ရေးလှစုတ်ချက်များဖြင့် မှတ်စုများ ရေးမှတ်ထားကြောင်းကိုပါ အမှတ်ရမိသွား၏။ သူသည် မျက်ရည်များဖြင့် ထွက်ပြေးလိုစိတ်တောင် ပေါ်လာရလေသည်။

ချီးပဲ ! ဒါဆို ယုဇီကျွေး က ငါ့အောက်ကို လုပ်တော့မှာလား ? အခုချိန်မှ ပြန်နောက်ဆုတ်ဖို့က ဖြစ်ကောဖြစ်နိုင်ပါ့မလား ?!

အချိန်အတော်ကြာအောင် စိတ်ဓာတ်ကျပြီးသွားနောက် လင်းရှ သည် မတ်တပ်ရပ်လိုက်၏။ ယုဇီကျွေး သည် မျက်နှာဖုံးတပ်လူမှ သူ့အားပေးခဲ့သည့် ချိန်းကြိုးအိတ်ကို ပြန်ပေးပြီးပြီဖြစ်ကာ စာကြည့်ခန်းထဲ မဝင်ရသည့် စည်းကိုလည်း ဖယ်ပေးပြီးသွားပြီဖြစ်သည်။ သူသည် ဘေးအခန်းကိုပင် ရှင်းဖို့အစေခံများကို အမိန့်ပေးခဲ့ပြီး ယင်းကို လင်းရှ မှ ပစ္စည်းလုပ်သည့်အလုပ်ခန်းအဖြစ် သုံးနိုင်စေရန်ပင်။

လင်းရှ သည် သူ့ဗိုက်သူ ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ သူသည် စိတ်ဖိစီးရလွန်းသဖြင့် အလွယ်တကူ ဗိုက်အောင့်တတ်လာလေသည်။ ဤသည်မှာ ခဏခဏ သေလုနီးပါးဒဏ်ရာများရခဲ့သည့် အကျိုးဆက်ဟုတ်မဟုတ်တော့ သူလည်းသေချာမသိချေ။

မည်သို့ဆိုဆို သူသည်တစ်ခေါက် သွေးအန်ရသည်မှာ ယုဇီကျွေး မှ သူ့အားနှလုံးတုန်အောင် လုပ်ခဲ့သောကြောင့်ပင် ဖြစ်သည်။ သူနာမည်သေချာမသိသည့် အစေခံများသည် ရံဖန်ရံခါမှသာ လာကြလေသည်။ လင်းရှ သည် သူ့ခန္ဓာကိုယ်ကို မြန်မြန် ပြန်ကောင်းစေလိုကာ သို့မှသာ သူသည် ကိုယ့်လက်နှစ်ဖက်နှင့်ကိုယ် စားနိုင်ပေမည်၊ ထို့ကြောင့်ပင် သူ၏ အသုံးမကျသည့် အဖြစ်ကို အဆုံးသတ်နိုင်ရန် ဝမ်းသာအားရပင် ကြိုးစားလေတော့၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Tempat cerita menjadi hidup. Temukan sekarang