Vol 2 : Chapter 11

3.4K 801 55
                                    

< Zawgyi >

လင်းရှ သည် မြားကိုပစ်ပြီးသည်နှင့် တစ်ပြိုင်နက် နေရာပြောင်းပုန်းလိုက်ကာ အသက်ပြင်းပြင်းရှုပြီးနောက် လေချွန်သံပေးလိုက်၏။

သူနှင့် အားလီ သည် တစ်ဦးနှင့်တစ်ဦး အတော်လေး ရင်းနှီးပြီးသား ဖြစ်ချေသည်။ သူရင်းနှီးသည့် လေချွန်သံကို ကြားလိုက်ရသောအခါ လင်းရှ ဘာလုပ်ချင်သည် ဆိုသည်ကို နားလည်သွားပြီး အားလီ သည်  ခေါင်းဖြူလင်းယုန် ၏ သတိကို လျှော့ချရန်အတွက် ကောင်းကင်ဆီသို့ အဆက်မပြတ် အအော်ဟစ် ဟိန်းဟောက်လိုက်၏။

ခေါင်းဖြူလင်းယုန် သည် လေထဲတွင် အချိန်အတန်ကြာအောင် လှည့်ပတ်ပျံသန်းနေသော်လည်း သူ၏ ပစ်မှတ်ကို ရှာမတွေ့သည့်အတွက် အားလီ ထံသို့ ပြန်အာရုံစိုက်ရန်သာ တတ်နိုင်လေသည်။ ဤတစ်ကြိမ်တွင်မူ ယင်းသည် အားလီ ကို တမင်တကာ ရန်စလိုစိတ်ရှိမနေတော့ပဲ အထက်အောက် ပျံသန်းရင်း လေဓားသွားများပစ်ခတ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေကာ အခွင့်ရသည်နှင့် သူ့အတောင်များကျွတ်သွားသောကြောင့် ထွက်နေသည့်ဒေါသများကို အားလီ ထံပုံချရန် ဆုံးဖြတ်လိုက်၏။ အဆင့် ခုနစ် သားရဲထံမှ လာသည့် လေဓားသွားများမှာ ပေါ့ပေါ့တန်တန် သဘောထား၍ ရသည်မဟုတ်ချေ၊ အားလီ ၏ ခန္ဓာကိုယ်မှာ အကြမ်းခံ၍ ထိခိုက်ဒဏ်ရာ မရသော်လည်း ထိုလေဓားသွားများကြောင့် သင်္ဘောကုန်းပတ်တစ်ခုလုံးမှာ အရွယ်အစားအမျိုးမျိုးရှိသည့် အက်ကွဲရာများဖြင့် ပွစာကျဲနေလေတော့သည်။

လင်းရှ သည် ၎င်းကို အခွင့်အရေးယူကာ အလွယ်တကူ အာရုံမခံနိုင်မည့် ပစ္စည်းဖြင့် ပြုလုပ်ထားသော လျှို့ဝှက်မြား သုံးချောင်းကို ခေါင်းဖြူလင်းယုန် ၏ နောက်ကျောထံ ပစ်လွှတ်လိုက်၏။ ခေါင်းဖြူလင်းယုန် သည် မြားနှစ်ချောင်းကို ရှောင်လိုက်နိုင်သော်လည်း တတိယမြားသည် ခေါင်းဖြူလင်းယုန် ၏ အတောင် ခုနစ်ချောင်း ရှစ်ချောင်းမျှကို ချွတ်လိုက်နိုင်ပေသည်။

ခေါင်းဖြူလင်းယုန် မှာ ဒေါသကို သူ့စိတ်ထဲတွင် ဆက်ထိန်းမထားနိုင်တော့ပဲ ရူးရူးနှမ်းနှမ်း အော်ဟစ်လိုက်ပြီးနောက် မြားလာခဲ့သည့် ဦးတည်ရာဖက်သို့ တစ်ဟုန်ထိုး ပျံပြေးသွားပြီး အရှိန်မထိန်းနိုင်ပဲ သင်္ဘောနံရံနှင့် တိုက်မိသွားကာ သင်္ဘောသည်လည်း တစ်ဖက်သို့ မြုပ်လုဆဲဆဲ အနေအထားသို့ ရောက်သည်အထိ တိမ်းစောင်းသွားလေတော့၏။ ယင်းသည် ကုန်းပတ်ပေါ်တွင် အခြေချလိုက်ပြီးနောက် စူးရဲလှသည့် မျက်လုံးတစ်စုံသည် ပတ်ပတ်လည်ကို ရှာဖွေပြီး နောက်ဆုံးတွင် ထိုသားရဲသည် သစ်သားစည်ပိုင်းလုံးများနောက်မှ သံသယဝင်စရာကောင်းလှသည့် လူရိပ်တစ်ခုကို ရှာတွေ့သွားချေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now