<Zawgyi>လင်းရှ သည် အသက်ပြင်းပြင်း တစ်ချက်ရှုရင်း တည်ငြိမ်ချင်ယောင်ဆောင်ကာ စင်ပေါ်သို့ လှမ်းတက်လိုက်သော်လည်း စိတ်ထဲတွင်မူ ကမ္ဘာပျက်နေကာ ခြေထောက် ပျော့မကျသွားအောင်ပင် အနိုင်နိုင် ထိန်းနေရပေသည်။
သူသည် ထက်မြက်ကာ ထူးချွန်လှသည့် ချီ - တျန့် တို့နှစ်ဦးကဲ့သို့ ကမ္ဘာကို လွှမ်းမိုးနိုင်သည့် စွမ်းအားရှင်မျိုးလည်း မဟုတ်ရချေ။ သူဆိုသည်မှာ အိမ်တွင်သာ တစ်နှစ်ပတ်လုံး နေ'နေကာ ထိုသို့သော ကမ္ဘာကို တစ်နေ့ လွှမ်းမိုးရမည်ဆိုသည့် အိမ်မက်မျိုးနှင့် အခြားသူများအပေါ် အုပ်ချုပ်လိုသည့် အတွေးမျိုး ယောင်၍ပင် မတွေးဖူးပေ။ သူသည် ငယ်စဉ်ကတည်းက အခုအချိန်ထိတိုင်အောင် မူကြိုတွင်သာ ရန်ဖြစ်ခဲ့ဖူးကာ ထိုရန်ပွဲတွင်တောင်မှ သူထက် အသက်ငယ်ကာ အရပ်ပိုပုသည့် ကောင်လေးထံမှ သေအောင်ရိုက်တာကို ခံလိုက်ရသေးသည်ပင် …
(T/N; ချီ-တျန့် ဆိုတာ ဝတ္ထုထဲက ဇာတ်လိုက်စုံတွဲကို ပြောတာထင်တယ်။ ကိုယ်တွေလည်း သေချာတော့မသိဘူး 😅 )ဒါပေမယ့်လည်း လူအများ၏ အကြည့်အောက်တွင်တော့ ရဲရင့်သည့် မျက်နှာဖုံးကို တပ်ကာ မျက်နှာမပျက်ရလေအောင် မရရသည့်နည်းဖြင့် သည်းညည်းခံရပေမည် !
လင်းရှ သည် နောက်ဆုံးတွင်တော့ ' ဒုက္ခရောက်နေတုန်းမှာ ရှင်းရှင်းလင်းလင်း မတွေးနိုင်ပဲ ကယောင်ခြောက်ခြားဖြစ် ' ဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်း သဘောပေါက်သွားရသည်။ အထူးသဖြင့် ရှုယန် ၏ နောက်ကျောတွင် လွယ်ထားသည့် ဓားရှည်နှင့် ခါးတွင် ချိတ်ထားသည့် မည်သည့် မှော်လက်နက်များ ပါဝင်နေမှန်း မသိရပါသော သိုလှောင်အိတ်ကို ကြည့်ရင်းဖြင့် သူ၏ နဂို ကြောက်တတ်သည့် စိတ်မှာ ပိုဆိုးလာတော့သည်။
ထို မယုံနိုင်စရာကောင်းလောက်အောင် ခံနိုင်ရည်ရှိကာ ဒူပေဒါပေ ခံနိုင်သည့် ဆုန်းရှောင်ဟူ နှင့် ပါရမီကောင်းကာ ဉာဏ်ထက်သည့် ယုဇီကျွေး တို့နှင့်ယှဉ်လျှင် သူ့မှာ အားကိုးစရာဆိုလို့ သူ၏ ထူးခြားသည့် ခွန်အားသာ ကျန်ပေတော့သည်။ လင်းရှ သည် စိတ်ထဲတွင် တိတ်တိတ်ကလေး ငိုကျွေးလိုက်မိ၏။
ESTÁS LEYENDO
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasíaType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...