Vol 3 : Chapter 7

2.6K 625 57
                                    

< Zawgyi >

လင်းရှ မှ စုမူကျဲ့ အား မျက်တောင်တစ်ချက်မခတ်ပဲ မျက်နှာလိုမျက်နှာရလုပ်နေသော်လည်း တစ်ဖက်သူကမူ သူ့အား တည့်တိုးသာ ဆက်ဆံလာချေလေသည်။ အမှန်တွင် သူ့အပြုအမူများနောက်ကွယ်မှ ရည်ရွယ်ချက်ကို ဆုန်းရှောင်ဟူ ထက်ပို၍ ထက်မြက်သည့် စုမူကျဲ့ က ဖောက်မြင်နိုင်ခဲ့သည်ပင်။ သူသည် ရယ်ရယ်မောမောဖြင့် အကြံပေးလာချေ၏။

" ငါကတော့ မင်းအနေနဲ့ မင်းစွမ်းအားတွေကို အလကားမဖြုန်းတီးဖို့ အကြံပေးချင်တယ်။ အချိန်ကျလာတဲ့အခါကျ မိစ္ဆာဂိုဏ်းက ကောင်ချောလေးက မင်းကိုလဲရွေးဖို့ တစ်ခုခုယူလာပါစေလို့သာ ဆုတောင်းစမ်းပါ။ "

လင်းရှ ၏ မျက်နှာမှာ တောင့်တင်းသွားရ၏။ သူသည် ဤငတုံးကောင်၏ ဘောများကို ခပ်ပြင်းပြင်း ပစ်ကန်ချင်မိလောက်အောင် ခြေထောက်များပင် ယားလာရပေသည်။

နေ့တိုင်းလိုလိုပင် သူသည် ဆုန်းရှောင်ဟူ ပေါ်လာဖို့ မျှော်လင့်နေမိ၏။ သို့မှသာ ထိုသူသည် သူ၏ ဇာတ်လိုက်ရောင်ဝါကိုသုံးကာ ဤငွေချစ်သည့် ငတုံးကောင်အား သူ့မောင်းမဆောင်ထဲသို့ ညီငယ်လေးအဖြစ်နှင့် ဆွဲခေါ်သွားနိုင်မှာ ဖြစ်ပေသည်။

သူသည် ရက်စွဲအတိအကျကို မေ့သွားသော်လည်း စုမူကျဲ့ မှ သူ့အား ပြန်ပေးဆွဲသွားခဲ့သည့်မှာ ခုနစ်ရက် ရှစ်ရက်မျှလောက်ပင် ရှိနေချေပြီ။ တစ်နည်းအားဖြင့် ပြောရလျှင် ယုဇီကျွေး မင်္ဂလာဆောင်ဖို့ ရက်အနည်းငယ်သာ လိုပေတော့၏။ လင်းရှ မှာ ထိုအကြောင်းကို စဉ်းစားမိတိုင်း မနေနိုင်မထိုင်နိုင်ဖြစ်လာကာ တစ်ယောက်ယောက်ကို ထသတ်ချင်စိတ်ပင် ပေါ်လာရသည်။

စကားပုံရှိသည်မှာ စုံတွဲများ ကွဲပြဲကြလျှင် မိန်းကလေးဖြစ်သူမှာ မျက်ရည်များကျပြီး ယောက်ျားလေးဖြစ်သူမှာ သွေးမြေကျရသည်ဟူ၏။ ယခု သူ့အခြေအနေကလည်း တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ရဖို့ ရန်လိုနေတဲ့အခြေအနေပဲ မဟုတ်ဘူးလား ?

တစ်နေ့တွင် လှည်းသည် အနီးအနားရှိ မြို့လေးတစ်မြို့ဆီသို့ ရောက်ရှိလာလေ၏။ လင်းရှ သည် ဖျားနာနေသည့် မိန်းကလေးတစ်ဦးပမာ ရုပ်ဖျက်ထားရင်း လှည်းအတွင်း၌လှဲကာ အတွေးထဲတွင် လွင့်မျောနေမိပေသည်။ ထို့နောက် ရုတ်တရက်ဆိုသလို သူသည် ရင်းနှီးနေသည့် အသံတစ်သံကို ကြားလိုက်ရ၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now