Vol 2 : Chapter 2

4K 865 100
                                    

<Zawgyi>

သူသည် သူ့ကိုယ်သူ ဓာတ်ခွဲခန်းထဲမှ စမ်းသပ်ခံအကောင်လေးအဖြစ် ကျင့်သားမရသေးချေ၊ အထူးသဖြင့် လင်းရှ သည် သူ့ကိုယ်သူဖုံးရန်အတွက် သူ၏ကိုယ်ပေါ်တွင် အဝတ်တစ်စမျှပင် မရှိကြောင်းကို သတိထားမိသွားသောအခါတွင်ပေါ့။

ဤခန္ဓာကိုယ်သည် ပိုင်ရှင်ဖြစ်သူ၏ ဝိညာဉ်ပျောက်သွားသော်လည်း မပျက်စီးသွားသလို တသမတ်ထဲလည်း တန့်မနေပါချေ။ ငယ်ရွယ်သည့် လူငယ်လေးတစ်ယောက်၏ ပုံသဏ္ဌာန်မျိုး စတင်ပေါ်ပေါက်လာပြီဖြစ်ပြီး ခြေလက်များမှာလည်း ပို၍ သွယ်ကာ ပျော့ပျောင်းလာသလို ကိုယ်ခန္ဓာအချိုးအစားမှာလည်း အတော်လေး ပြီးပြည့်စုံလာချေ၏။ တစ်ခုတည်းသော ပြစ်ချက်မှာ ဤခန္ဓာကိုယ်သည် အချိန်အတော်ကြာအောင် လေ့ကျင့်ခန်း မလုပ်ခဲ့ရသလို နေရောင်ခြည်ကိုလည်း မခံယူခဲ့ရသည့်အတွက် အတော်လေးကို ပိန်သွယ်ပြီး အားနည်းနေခြင်းပင်။ ထို့အပြင် သူ၏ အသားအရည်မှာ အတော်ပင် စိုပြေပြီး ဖြူဖျော့နေကာ စန္ဒယားတီးဖို့အတွက်ပင် သင့်လျော်လွန်းလှပေသည် …

(T/N; အသားဖြူတာနဲ့ စန္ဒယားတီးတာ ဘာဆိုင်လဲတော့မသိ။ ရှင်းအက်စ် ပဲ အဓိပ္ပာယ်ကောက် လွဲသွားတာများလား။ (/ω\) )

မိန်းမပျိုလေး အမြောက်အမြားမှ ဤအရံဇာတ်ကောင်အား --- နှလုံးဖြူချင်ယောင်ဆောင်တဲ့ ပျော့တိပျော့ဖတ် သူတော်စင် ဇာတ်ကောင် --- ဟု ရက်ရက်စက်စက် ဝေဖန် ခေါ်ခဲ့ကြကြောင်းကို ပြန်တွေးမိသွားသောအခါ လင်းရှ သည် သူ့ကိုယ်သူ ဆူးများပြည့်နှက်နေသည့်နေရာတွင် ထိုင်နေရသလို ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် ဤနေရာမှ ခုန်ထကာ သူ၏ အသားအရည်အား ကျန်းမာသည့် ဂျုံအရောင် မြန်မြန်ဖြစ်စေရန် နေလောင်သွားခံချင်မိသလို၊ သူသည် ယောက်ျားပီပီသသရှိစေမည့် ကြွက်သားများထွက်လာသည်အထိ လေ့ကျင့်ခန်းများ လုပ်နိုင်ရန် ပြင်းပြင်းထန်ထန် ဆုတောင်းမိလိုက်ပေသည်။

အမြောက်စာဇာတ်ကောင်လေးတွေမှာလည်း မာနရှိပါသေးတယ်၊ ဟုတ်ပြီလား ?

အားလီ သည် လင်းရှ အား နေ့တိုင်း စောင့်ကြပ်ပေးနေခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။ လင်းရှ နိုးလာသည်ကို တွေ့ရသောအခါ သူ၏ ပယင်းရောင် မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်ဝိုင်းစက်သွားပြီး အလျင်စလိုပင် ပြွန်နံရံပေါ်သို့ ခုန်တက်လာတော့၏။ စိတ်လှုပ်ရှားစွာဖြင့် သူ၏ နားရွက်များသည် တဖျတ်ဖျတ်ခတ်နေကာ ကြောင်တစ်ကောင်၏ အသံပမာ ချွဲနွဲ့ကာ ငြီးနေသည့် အသံလေးများကို လုပ်နေပေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now