Vol 2 : Chapter 3

3.9K 866 46
                                    

< Zawgyi >

သူ ယခုရောက်နေသည့်နေရာမှာ ချင်းမင်သုံချူးချန် မျှော်စင် နှင့် အခြားသော ဂိုဏ်းအငယ်လေးများကြားရှိ ဒေသဖြစ်လေရာ ဤနေရာသို့လာသည့် လူများမှာလည်း အမျိုးအစားစုံလင်လှ၏။ ယင်းဂိုဏ်းများသည် ပို၍ သေးငယ်ကာ အရင်းအမြစ်များလည်း သိပ်မရှိသည့်အတွက် ရှာက်ယန် ဂိုဏ်းနှင့် ယှဉ်၍ မရသလို ရန်ပွဲများ ပြဿနာများကလဲ အမြဲလိုလို ဖြစ်နေတတ်ချေသည်။

ယနေ့တွင် လင်းရှ သည် စားသောက်ဆိုင်တစ်ခုအတွင်း၌ စားသောက်နေကာ အားလီ အား ကြက်သားအချို့ ကျွေးရင်း သူဖတ်ထားပြီးသည့် လက်နက်ဖန်တီးခြင်း ကျမ်းစာအုပ်မှ အချက်အလက်များကို ပြန်တွေးနေမိသည်။

သူ၏ လက်ရှိ ခန္ဓာကျင့်ကြံခြင်းနှင့် စွမ်းအင်ကျင့်ကြံခြင်းစွမ်းရည်များမှာ ကနဦးကျင့်ကြံသူအဆင့်လောက်မျှသာ သတ်မှတ်နိုင်သလို သူသည် ဓားစွမ်းရည်တွင် ပို၍ပင် အခြေအနေဆိုးလေရာ သူ၏ အချိန်တော်တော်များများအား ခုခံကာကွယ်ရေး လက်နက်များ ဖန်တီးသည့် အပေါ်တွင်သာ မြှုပ်နှံထားလိုက်လေသည်။ အားလီ သည် စွမ်းအားကြီးသည် ဆိုသော်လည်း မည်သို့ပင်ဆိုဆို သူသည် မိစ္ဆာသားရဲဖြစ်လေရာ လွယ်လွယ်ကူကူ ထုတ်ပြ၍ မရချေ။

ခုခံကာကွယ်ရေး လက်နက် အမျိုးအစား အများအပြားရှိသော်လည်း ဓားမှာ အခြေခံအကျဆုံး အမျိုးအစား ဖြစ်၏။ ဓားကို ဖန်တီးရသည်မှာ အခြားသော လက်နက်များထက် ပို၍ မြင့်မားသည့် လိုအပ်ချက်များရှိကာ လင်းရှ သည် တစ်ခါမျှ မစမ်းသပ်ခဲ့ဖူးပေ။ သူမသွားခင်က ကလေးနှစ်ယောက်သည် သစ်သားဝိညာဉ်ဓားများကို အသုံးပြုနေကြတုန်းဖြစ်ကာ ဤလေးနှစ်ကာလ ဖြတ်သန်းပြီးသည့်နောက်တွင် သူတို့သည် ကိုယ်ပိုင်ဓားများ ရပြီး ဖြစ်မဖြစ်ကိုတော့ အတပ်မပြောနိုင်ပဲ ဖြစ်နေရလေသည်။

သူသည် စိတ်ထဲတွင် စွမ်းအင်ဓား၏ ပုံသဏ္ဌာန်ကို ဖန်တီးကြည့်နေစဉ်မှာပင် ပြဿနာမှာ တံခါးဝတည့်တည့်သို့ ရောက်ရှိလာ၏။ မီးခိုးရောင် ဝတ်စုံများ ဝတ်ဆင်ထားသည့် ချူးချန် မျှော်စင်မှ တပည့်များသည် စားသောက်ဆိုင်ထဲသို့ ဝင်လာကာ လူဆယ်ယောက်သည် စားပွဲ သုံး လေး လုံးမျှ ကို ယူလိုက်ပြီးနောက် သေရည်နှင့် အသားများကို မှာကာ အားရပါးရ စားသောက်နေကြတော့သည်။ လင်းရှ သည်လည်း ဂရုမစိုက်ပဲ အားလီ ကို စားပွဲပေါ်တွင်တင်ကာ သူမှာထားသည်များအား ခပ်ဖြည်းဖြည်း စားနေလိုက်၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Dove le storie prendono vita. Scoprilo ora