Vol 2 : Chapter 15

3.3K 712 24
                                    

< Zawgyi >

" ?!!! "

လင်းရှ ၏ ပါးစပ်မှာ ဟ'လွန်းအားကြီး၍ ကြက်ဥတစ်လုံးလောက်ကိုပင် မြိုချနိုင်လိမ့်မည်ဟု ထင်ရ၏။ ဒါက ဘယ်လို ဇာတ်လမ်းတိုးတက်မှုမျိုးလဲ ?

နတ်ဘုရားမလေး ပြောလိုက်တာက …… သူက ဗီလိန်ကို လိုက်ရှာနေတယ် ?

ဇာတ်လိုက်ရဲ့ ရှေ့ကြီးမှာလေ ?!

ယုဇီကျွေး သည် ဖြည်းညှင်းစွာ လှည့်ကြည့်လာ၏၊ မုရုန်ရွှယ် ၏ စကားများမှာ သူသည်ပင် မထင်မှတ်ထားခဲ့ချေ။ သူသည် မျက်မှောင်ကျုံ့ပြီး မုရုန်ရွှယ် ကို တစ်ချက်ကြည့်ကာ လိုရင်းကိုပြောလိုက်လေ၏။

" မမှတ်မိဘူး၊ ငါ မင်းကို အရင်က တွေ့ဖူးလို့လား ? "

မင့်မြတ်အပျိုစင် တောင်ထွတ် အပေါ်ထားရှိသည့် ယုဇီကျွေး ၏ နက်ရှိုင်းသည့် အမုန်းတရားများအရဆိုလျှင် မုရုန်ရွှယ် အား စကားသာ ဆက်ပြောခိုင်းလိုက်ပါက သူမသည် ကျိန်းသေပေါက် ဒုက္ခရောက်သွားနိုင်ပေသည် !

လင်းရှ သည် အလျှင်အမြန် ပြေးထွက်လိုက်ပြီးနောက် ယုဇီကျွေး ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ အဝေးသို့ ဆွဲခေါ်သွားရန် ကြိုးပမ်းရင်း ကြောက်လန့်စွာ ခပ်ဟဟ ရယ်မောလိုက်၏။

" ဘယ်လိုလုပ်ပြီး မင်းတို့နှစ်ယောက်က တွေ့ဖူးမှာလဲ ? ဟဟ၊ မိန်းကလေး လူမှားသွားတာပဲ ဖြစ်ရမယ် …… "

သူသည် နှလုံးသားထဲတွင် တိတ်တဆိတ် မျက်ရည်ဝဲသွားရသည်။ အခြေအနေနှင့် အချိန်အခါအပေါ် မူတည်၍ ကြည့်လျှင် သူတို့နှစ်ဦး ငယ်စဉ်ကလေးဘဝက ဆုံမိကြဖို့ သေချာပေါက် ဖြစ်နိုင်ချေ ရှိလေသည်။ ဤမျှအချိန်ကြာသည်အထိတောင် နတ်ဘုရားမလေးက ယုဇီကျွေး ကို မှတ်မိသေးတယ်ဆို သူ့ကိုကျ ဘာလို့ မမှတ်မိနိုင်ရတာလဲ ?

မုရုန်ရွှယ် သည် သူမ၏ခေါင်းအား ခါပြလာပြီးနောက် ခေါင်းမာစွာဖြင့်ပင် ဆိုလာ၏။

" ကျွန်မ အမှတ်မှားတာ မဟုတ်ဘူး။ "

ယုဇီကျွေး သည် လင်းရှ ကို ကြည့်လိုက်ပြီးနောက် သူ၏ လက်ကို ဆွဲလိုက်လေရာ အင်နားရှား ဥပဒေသအရ လင်းရှ မှာ ယုဇီကျွေး ၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားရ၏။ သူ၏ အမူအရာမှာ လင်းရှ အား မုရုန်ရွှယ် ၏ စကားများကို ဖြတ်မပြောစေလိုဟန် ရှိနေသော်လည်း အမှန်တကယ်မှာမူ ယုဇီကျွေး သည် သူရင်းနှီးနေသည့် ကိုယ်သင်းနံ့အား ရလိုက်ပြီးနောက်တွင် သူ့နှလုံးသားထဲမှ စိတ်ပျက်ဒေါသထွက်နေမှုများ အားလုံးမှာ ပျောက်ကွယ်သွားရလေတော့သည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now