Vol 1 : Chapter 24

4K 858 15
                                    

<Zawgyi>

ဤကမ္ဘာ၌ လူတိုင်းသည် ဝိညာဉ်စွမ်းအင်များ ပိုင်ဆိုင်ခြင်းမရှိကြသော်လည်း ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်များကမူ ပါရမီ၊ လူ၊ အားစိုက်ထုတ်မှု စသည်တို့ကြောင့် အနည်းငယ် သက်ရောက်နိုင်သော်ငြား ကျင့်ကြံခြင်းအားကိုး သက်သက်ဖြင့် ရရှိနိုင်လေသည်။

ယေဘုယျကျကျပြောရလျှင် ရည်ရွယ်ချက်ကြီးမားကာ စိတ်ဓာတ်ခိုင်မာသည့်လူများသည် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ကျင့်ကြံရာတွင် ပိုလွယ်လွယ်ကူကူဖြင့် တိုးတက်နိုင်ပေ၏။ တစ်စုံတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်သည် အဆင့်တစ်ခုသို့ ရောက်သွားပြီဆိုပါက ၎င်းသည် လက်နက်တည်ဆောက်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း နှင့် အခြားသော ကျင့်ကြံခြင်းများကို အထောက်အကူပြုရုံသာမက ကာကွယ်တိုက်ခိုက်နိုင်သည့် လက်နက်တစ်ခုအဖြစ်ပင် အသုံးပြု၍ ရလေသည်။

မျက်နှာဖုံးနှင့်လူသည် ခေါင်းငြိမ့်ရင်း ထောက်ခံလိုက်၏။

" အဲ့တာက အဓိပ္ပာယ်ရှိပါတယ်။ ရှာက်ယန် ဂိုဏ်းက လူတွေက အဆင့်နိမ့်တပည့်တွေကို ခွဲခြားဆက်ဆံမှန်းသိပေမယ့် ဒီလို အခြေခံထဲကမှ အခြေခံကျတဲ့ဟာတွေကိုတောင် မသင်ပေးဘူးဆိုတော့ … ဒီလိုဆိုမှတော့လည်း ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ကို ဘယ်လိုကျင့်ကြံရသလဲဆိုတာကို အရင်ပြောရတာပေါ့။ "

ယခုကမ္ဘာရှိ လူများ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းအင်အများစုမှာ မွေးရာပါ သို့မဟုတ် ကြိုးစားကျင့်ကြံကာ ရရှိကြခြင်းပင်။ သဘာဝအတိုင်း ပါရမီပါသည့် သူများသည် အသက် ဆယ့်နှစ်နှစ်၊  ဆယ့်သုံးနှစ်သို့ရောက်လျှင် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်နှိုးထခြင်းကို ကိုယ့်ဖာသာကိုယ် လုပ်နိုင်ကြလေသည်။ သာမန် ပါရမီမျှလောက်သာ ရှိသည့် သူများကမူ သူတို့၏ ကိုယ်တွင်းရှိ ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အမှုန်များကို နှိုးထပေးနိုင်မည့် ကျွမ်းကျင်သူတစ်ဦးကို လိုအပ်ကာ နောက်ပိုင်းကျမှသာ မိမိဖာသာ လုံ့လဝီရိယစိုက်၍ ကြိုးစားကျင့်ကြံကြရလေ၏။

မျက်နှာဖုံးနှင့်လူသည် လင်းရှ ၏ ခေါင်းထက်သို့ သူ၏ လက်ကို တင်ထားလိုက်ပြီးနောက် အလွန်တရာမှ သန့်စင်ကာ နူးညံ့သည့် စွမ်းအင်များသည် သူ့လက်ဖျားမှ အဆက်မပြတ်စီးဆင်းလာပြီး ကောင်လေး၏ ခေါင်းပတ်ပတ်လည်ကို အုပ်ဆိုင်းလိုက်ပေသည်။ တစ်ဆက်တည်းမှာပင် သူသည် လင်းရှ အား စိတ်စွမ်းအင်ကို မည်သို့ နှိုးထရမည်နှင့် ထိုစွမ်းအင်စီးကြောင်းအား မည်သို့ အလိုက်သင့်နေရမည့် အကြောင်းများကို ပါးစပ်ဖြင့် ပြောပြ လမ်းညွှန်နေချေ၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now