Vol 1 chapter 5

4.8K 941 31
                                    

<Zawgyi>

(T/N: ရှင်း ပြောစရာလေးရှိလို့ပါ🙋။
E-translator  ကပြောလာတယ် အရှေ့ကမြို့တော်နာမည်က ယို့မင် မြို့မဟုတ်ပါဘူးတဲ့။ အဲ့ဒါ ရှင်း အခု သူ့နာမည်အမှန်ဖြစ်တဲ့ ချုန်းမင် မြို့လို့ ပြန်ပြင်လိုက်ပါပြီနော်။ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။🙇 )

သုံးရက်တိတိ မရပ်မနား လမ်းလျှောက်ပြီးသည့်နောက်တွင်မူ သူတို့သည် ခရီးအတော်ပေါက်လာလေပြီ။ ကံကောင်းစွာနှင့်ပင် ဤတောင်တန်းများတွင် မြေပြန့်နေရာများ အတန်ပင်များလှကာ ဝိညာဉ်စွမ်းအားများလည်း နည်းပါးလှသည့်အတွက် သူတို့ကို တိုက်ခိုက်ရန်ပြုလာမည့် အဆင့်မြင့် သို့မဟုတ် အလယ်အလတ် အဆင့်ရှိ မှော်သားရဲများကို တစ်ကောင်မျှပင် မတွေ့ရချေ။ ထပ်ပေါင်းပြောရလျှင် ဆုန်းရှောင်ဟူ နှင့် ယုဇီကျွေး တို့နှစ်ဦးလုံးသည် ထိုသို့ ခရီးဝေးသွားရသည်ကို အတွေ့အကြုံရှိပြီး ဖြစ်လေရာ အရာအားလုံးမှာ ချောချောမွေ့မွေ့နှင့်ပင် ဖြစ်နေလေသည်။ တတိယမြောက်နေ့ ၏ နေ့လည်ပိုင်းတွင်မူ သူတို့သည် ချုန်းမင် မြို့တော်သို့ရောက်ရန် အနည်းငယ်သာ လိုပေတော့သည်။

လင်းရှ သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူ့အပေါ်ထားသည့် ယုဇီကျွေး ၏ သဘောထားမှာ အနည်းငယ် ကောင်းမွန်လာသဖြင့် ဝမ်းသာနေလေသည်။ သူ့ကို ခဏခဏ မသိချင်ယောင်ဆောင်ကာ လျစ်လျူရှုတတ်ဆဲ ဖြစ်သော်လည်း ယခင်ကကဲ့သို့ သူ့အပေါ်တွင် တူးတူးခါးခါးဖြစ်နေသည့် ပုံစံမှာမူ သိသိသာသာပင် လျော့နည်းသွားပေသည်။

သူတို့ယခု ရောက်ရှိနေသည့် မြို့လေးသည်  လုံဖေး မြို့ထက် ပို၍ ကြွယ်ဝသည်မှာ သိသာလှသည်။ နေရာတိုင်းတွင် အစားအသောက်များကို ရောင်းချနေကာ ဖျော်ဖြေရေးပွဲများကိုလည်း လမ်းတိုင်းတွင် တွေ့ရတတ်လေသည်။ တောထဲတောင်ထဲတွင် ရက်အနည်းငယ်မျှကြာအောင် ဖြစ်သလို စားခဲ့ရသည့်အတွက် ထိုပူပူနွေးနွေးချက်ထားသည့် ဟင်းပွဲများ၏ အနံ့သည် သူ့နှာဝသို့ရောက်လာသောအခါ လင်းရှ သည် မရည်ရွယ်ပါပဲ ကိုယ်နှုတ်ခမ်းကိုယ် သပ်မိလေသည်။ တစ်ဖက်တွင်လည်း ဆုန်းရှောင်ဟူ သည် လမ်းမပေါ်ရှိ စားသောက်ဆိုင်များကို ငေးရင်းနှင့်ပင် တံတွေး မျိုချနေရပေသည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now