<Zawgyi>လင်းရှ ထိတ်လန့်သည်မှာ မလုံလောက်သေးမည်ကို စိုးရိမ်နေသည့်အလားပင် သူ့အား ထိုစိုက်ခင်းသို့ ခေါ်လာသည့် ဂိုဏ်းသားသည် ညှာတာမှုကင်းစွာနှင့် ထပ်ဖြည့်ပြောလိုက်၏။
" ဆည်းဆာမြူ ဆေးပင်တွေက သာမန်ရေတွေနဲ့ လောင်းလို့ မရဘူး။ ဟိုတောင်ထိပ်မှာရှိတဲ့ လင်းလက်စမ်းအိုင် က ဝိညာဉ်စွမ်းအားတွေ စိမ့်ဝင်နေတဲ့ ရေနဲ့ပဲ လောင်းပေးရမှာ။ ပြီးတော့ မှတ်ထားပါ။ ဆည်းဆာမြူ အပင်တစ်ပင်တိုင်းက ယောက်ချိုဇွန်းတစ်ဇွန်းစာ အတိရေလောင်းပေးရမယ်။ ပိုလည်းမပိုသလို လျော့လည်းမလျော့စေရဘူး။ "
" ... ... ဂိုဏ်းတူအစ်ကိုကြီး၊ သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ "
လင်းရှ သည် သက်ပြင်းချလိုက်ပြီးနောက် ထိုဂိုဏ်းသားပြောသည့် လမ်းကြောင်းအတိုင်း ရေပုံးနှစ်ပုံးကို ထမ်းရင်း တောင်ပေါ်သို့ တက်သွားတော့သည်။
Fuck ပဲ ! ဒါက မြင်းကို အစာမကျွေးပဲ သေအောင်ခိုင်းစားနေတာပဲ မဟုတ်လား !
လင်းရှ သည် ထိုသို့ရေလောင်းရမည့် ပုံမျိုးနှင့်ဆို စောစောစီးစီး ပြီးမှာမဟုတ်မှန်း သတိထားမိလေရာ သူ၏ ဟာနေသည့်ဗိုက်ကိုဖြည့်ရန် လမ်းမှာတွေ့သည့် အသီးများကိုပဲ ခူးစားလိုက်ရပေသည်။
သူသည် လင်းလက်စမ်းအိုင် သို့ရောက်သောအခါ မြင်ရသည့်ရှုခင်းကြောင့် အံ့အားသင့်သွားရသည်။ ထို စမ်းအိုင်မှ ရေမှာ ကြည်လင်နေပြီး ဝိညာဉ်စွမ်းအားများကလည်း ပြည့်ဝလှသည်။ သောက်ကြည့်လိုက်သောအခါ လျှာပေါ်တွင် ချိုမြနေပြီး မောပန်းနေသည်များမှာလည်း ယူပစ်သလိုပင် ပျောက်သွားတော့သည်။ လင်းရှ သည် တစ်ထိုင်တည်းနှင့်ပင် ယောက်ချိုဇွန်းကြီး၏ တစ်ဝက်ကျော်နီးပါးလောက်အထိ သောက်လိုက်မိကာ ယင်းနောက်တွင်မူ သူထမ်းလာသည့် ရေပုံးနှစ်ပုံးလုံးကို အပြည့်ဖြည့်လိုက်၏။
ထိုရေပုံးနှစ်ပုံးမှာ ရေဖြည့်လိုက်သောအခါ အလွန်လေးလံလာပြီး လင်းရှ သည် ၎င်းတို့ကို ကြိုးကြိုးစားစားနှင့် ထမ်းနေရပေသည်။ ယင်းမှာ လင်းရှ အတွက် အလွန်လေးလံလှသည်ဟူ၍ မဟုတ်သော်လည်း သူလမ်းလျှောက်လိုက်တိုင်း ရေပုံးများကပါ ယိမ်းထိုးနေလေရာ သူတောင်အောက်သို့ ပြန်ရောက်သောအခါတွင်မူ ရေပုံးထဲမှ ရေ လေးပုံတစ်ပုံလောက် လျော့သွားပြီ ဖြစ်သည်။
YOU ARE READING
Transmigrating into a mob character to rehabilitate the villain's plan(mm trans)
FantasyType : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Helli translations, Bonbon Bl translations Genre : Action, Comedy, Drama, Fantasy, Romance, Smut, Xuanhuan, Yaoi Both Zawgyi & Unicode available...