Vol 1 : Chapter 11

4.3K 916 16
                                    

<Zawgyi>

လင်းရှ သည် အခွင့်အရေးတွေ့သည်နှင့် ယုဇီကျွေး နှင့် ဆုန်းရှောင်ဟူ တို့နှစ်ဦးကို ဆွဲကာ အပြင်ကို ပြေးထွက်လိုက်၏။

shit ! ဝတ္ထုထဲတွင် ဝင်ခွင့် ယှဉ်ပြိုင်ရာမှာ ပဿနာ အချို့တွေ့ခဲ့ရသည်ဟု ရးထားသော်လည်း ယခုကဲ့သို့ လုပ်ကြံရေးသမား ပါသည့် ဇာတ်ကွက်ကို ဘယ်နေရာမှာမှ မရေးထားချေ !

ထိုလူငယ်လေးသည် လေထဲသို့ ခုန်ပျံလိုက်ရင်း လက်ထဲရှိ မီးဒြပ်စင် ဓားမြောင်ကို သူတို့သုံးဦးထံ ချိန်ရွယ်၍ ပစ်လာပေသည်။ သို့သော်လည်း ထို ဓားမြောင်မှာ ပစ်မှတ်ကို လွဲသွားပြီး ဂူနံရံသို့ စိုက်ဝင်သွားကာ အနီးအနားရှိ သစ်ခြောက်ပင်များကို မီးစွဲလောင်သွားစေ၏။

လင်းရှ သည် ထိုအခြင်းအရာကို သူ၏ မျက်လုံးထောင့်စွန်းမှ တစ်ဆင့် မြင်လိုက်ရသောအခါ တုန်လှုပ်သွားရသည်။ သူသည် ထိုကောင်လေး၏ လှုပ်ရှားမှုများကို ရပ်တန့်သွားစေရန် ဇလုံကြီး တစ်လုံးစာမျှ အရွယ်အစား ရှိသည့် ကျောက်တုံးကြီးများကို တွေဝေမနေပဲ အားကုန်သုံးကာ လှမ်းပစ်ပေါက်လိုက်သည်။ ဂူအပြင်ဘက်တွင် မိုးများက သည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ကာ ထိုမိုးစက်များအောက် မျက်လုံးဖွင့်ကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။

" ပြေးတော့။ ဒီမှာ ရပ်မနေနဲ့ ! " လင်းရှ သည် ကြောင်တောင်ရပ်နေသည့် ကလေးနှစ်ဦးကို လှမ်းအော်ပြောရင်း ဆက်ဆွဲပြီး ပြေးဖို့ ပြင်လိုက်၏။

ယုဇီကျွေး သည် သူ့လက်ကို ရုတ်တရက် ပုတ်ထုတ်ရင်း အေးစက်စက် ပြောလိုက်သည်။

" ငတုံး၊ မင်းက ဘာလို့ ထွက်ပြေးနေတာလဲ ? "

လင်းရှ သည် ထိုအခါမှ တန့်သွားကာ ယုဇီကျွေး ၏ မျက်နှာပေါ်တွင် မြူတစ်မှုန်မျှပင် ကြောက်ရွံ့ဟန် မရှိသလို ဆုန်းရှောင်ဟူ သည်လည်း အနည်းငယ် လန့်သွားသော်ငြား ကြောက်ရွံ့မနေကြောင်းကို သတိထားမိလိုက်သည်။ ယင်းမှာ သူ့အား ဤကမ္ဘာမှာ မည်သို့သောကမ္ဘာဖြစ်လေသည်ကို သတိရမိလိုက်စေ၏။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Onde histórias criam vida. Descubra agora