Vol 2 : Chapter 6

4.1K 847 80
                                    

<Zawgyi>

ဟး၊ ငါ့ပေါ်တစ်ခုခုပိနေသလိုပဲ !

လင်းရှ သည် ထိတ်လန့်သွားရ၏။

အခု ယုဇီကျွေး က သူ့ကိုဖက်လုံးလို သဘောထားပြီး ဖက်အိပ်နေတာလား ?

ယုဇီကျွေး ၏ ကိုယ်ခန္ဓာမှာ အနည်းငယ်သွယ်သော်လည်း သူ၏ ကြွက်သားများမှာ တောင့်တင်းကာ ဖက်လိုက်သည့်အခါ မာကျောလှပေ၏။ ကံကောင်းစွာဖြင့် ထိုကောင်လေးမှာ အိပ်နေရင်း မဟောက်တတ်ချေ။

သူသည် သူ့ခါးပေါ်မှ ယုဇီကျွေး ၏ လက်ကို ညင်ညင်သာသာဖယ်လိုက်ပြီးနောက်တွင် တစ်ဖက်လူမှာ ရုတ်တရက် မျက်လုံးများ ပွင့်လာလေ၏။ ထိုသူ၏ မျက်တောင်ရှည်များအောက်မှ မျက်လုံးများမှာ ထူးထူးခြားခြား ကြည်လင်လှကာ အချိန်အတန်ကြာကတည်းက နိုးနေနှင့်ပြီးသားဖြစ်ကြောင်း သိနိုင်ပေသည်။

လင်းရှ သည် ခဏမျှ တောင့်ခဲသွားပြီးနောက် ပြုံးကာ ဆိုလိုက်၏။

" အားကျွေး၊ ကောင်းသောနံနက်ခင်းပါ။ "

ယုဇီကျွေး သည် သူ့အား ခေတ္တကြည့်နေပြီးနောက် ထူးဆန်းသည့်ကိုယ်ဟန်ဖြင့် ထထိုင်လိုက်ကာ ကိုယ်ကိုလှည့်ပြီး သူ၏ အပြင်ဝတ်ရုံကို ဝတ်လိုက်၏။

သူတို့သည် မိစ္ဆာသားရဲကောင်ကို ရှာဖွေရန် လာကြခြင်းဖြစ်လေရာ အခြားသူများ၏ အာရုံစိုက်ခြင်းကို မခံရစေရန်အတွက် ရှာက်ယန် ဂိုဏ်းဝတ်စုံများအစား သာမန် အဝတ်အစားများကိုသာ ဝတ်ဆင်ကြလေသည်။

လင်းရှ သည် မျက်နှာသစ်နေရင်း လှမ်းမေးလိုက်၏။

" အစ်ကို ရှာင်ဟူ ဆီကကြားတာတော့ မင်းတို့တွေက ဖုန်းလော် ရဲ့ အဆိပ်ကို ကုဖို့အတွက် မိစ္ဆာသားရဲတစ်ကောင်ရဲ့ သွေးကို လိုက်ရှာဖို့ ဒီကို ရောက်လာကြတာဆို ? "

" အင်း "

ယုဇီကျွေး သည် ခေါင်းငြိမ့်ပြလာ၏။

" ဒီမိစ္ဆာသားရဲက တော်တော်တော့ နာမည်ကြီးတယ်၊ အဲ့ဒီအကောင်က ဒီနေရာမှာမှ ရှာလို့ရတဲ့ ပဉ္စမအဆင့် လျှပ်စီးသားရဲ အမျိုးအစားပဲ။ "

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now