Vol 1 Chapter 9

4.4K 915 27
                                    

<Zawgyi>

မည်သို့ပင် ဖြစ်စေကာမူ ဤသို့ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကြုံတွေ့နေရစဉ်မှာ စိတ်ဓာတ်ရေးရာ သင်ကြားပေးရသည်က အတော့်ကို ခက်ခဲမှာပင်။ ထို့ကြောင့် လင်းရှ သည် ထိုသို့ ကျယ်ပြန့်ကာ နက်နဲလှသည့် အကြောင်းအရာများကို ရှင်းပြနေခြင်းသည် အနည်းငယ် အဓိပ္ပာယ် မရှိသလို ခံစားလိုက်မိသည်။ သူသည်ပင် ထိုစကားများကို နားထောင်ရစဉ်က အိပ်ပျော်မတတ်ဖြစ်ခဲ့သေးသည်ပေ ……

သို့သော်လည်း သူသည် ထို ဗီလိန်လေးကို ပြန်ပျိုးထောင်နိုင်ရမည် ဆိုသည့် ယုံကြည်ချက်ကတော့ အပြည့်အဝရှိနေဆဲဖြစ်သည်။ ယုဇီကျွေး က သူ့ကို ထိုသို့ ပြန်ပြောလာသည် ဆိုပေမယ့် ရေကန်ထဲမှာတုန်းက သူ့ကို ချန်မထားခဲ့သလို ဆုန်းရှောင်ဟူ ၏ ကိစ္စကိုလည်း စိတ်ပူပေးနေသေးသည်။ ထိုသည်မှာ ယုဇီကျွေး သည် သူပြောသည့်အတိုင်း အသည်းနှလုံးမဲ့ပြီး အေးစက်သည့်သူမျိုး မဟုတ်သလို အနည်းဆုံးတော့ မိတ်ဆွေဆန်သည့် စိတ်ဓာတ်မျိုး ရှိသေးသည်ဟု ဆိုနိုင်သည်။

ရှာက်ယန် ဂိုဏ်း၏ ဝင်ခွင့်စာရင်းပေးရသည့် နေရာမှာ ရှာရမခက်လှပေ။ လူအများအပြား စုဝေးနေသည့် နေရာကို သွားလိုက်လျှင် ရောက်နိုင်လေပြီ။ လင်းရှ သည် အနည်းငယ် လိုက်လံကာ မေးကြည့်ပြီးနောက်တွင်မူ အထူးဖိတ်ကြားခံထားရသည့် ဧည့်သည်များမှာ ရှာက်ယန် ဂိုဏ်း၏ အတွင်းပိုင်း နားနေခန်းများတွင် အနားယူနေကြောင်းကို သိလိုက်ရ၏။ လက်ရှိတွင်မူ သူ့အတွက် အထဲသို့ဝင်ပြီး တစ်စုံတစ်ဦးကို ရှာဖို့ အဆင်ပြေဦးမည် မဟုတ်ချေ။

လင်းရှ သည် မတတ်နိုင်ပဲ စာရင်းကိုသာ အရင်သွင်းလိုက်ရသည်။ ကံကောင်းစွာပင် ဝင်ခွင့်နံပတ်ကို လက်ရေးဖြင့်ရေးထားသည့် ထိုကျောက်ပြားတံဆိပ်လေးများ အတွက် ပိုက်ဆံမပေးရချေ။

အခြားတစ်ဖက်မှပြောရလျှင်မူ လူအမြောက်အမြားသည် နေရာတိုင်းတွင် စုစု စုစုနှင့် စကားများနေကြရာ အတော့်ကို ဆူညံပြီး စိတ်ရှုပ်လာစေသည်။ အိပ်ဖို့ ကောက်ရိုးပုံလေးကိုပင် ရှာမတွေ့သည့် အဆုံးမှာတော့ နှစ်ယောက်စလုံးသည် ထောင့်လေးတစ်ထောင့်တွင် ကွေးကွေးလေးနေကာသာ တစ်ညလုံးကို မသက်မသာဖြင့် ဖြတ်သန်းရတော့သည်။

Transmigrating into a mob character to rehabilitate the villain's plan(mm trans)Where stories live. Discover now