~7~

18.9K 1.6K 64
                                        

အဖွားအိမ်မှာထမင်းလက်ဆုံစားနေတုန်းအဖွားက
သူ့အကြောင်းတွေ ထယ်ယောင်းကိုပြောပြနေတာမို့
ဂျောင်ကုထယ်ယောင်းမျက်နှာကို အကဲခတ်
ကြည့်မိလိုက်သည်။စိတ်ရှုပ်နေပုံပေါ်ပြီး ဂျောင်ကုအကြောင်းတွေနားထောင်ချင်ဟန်မတူ။

ထယ်ယောင်းကဂျောင်ကုအိမ်ပြန်မအိပ်တာကို
မပြောပေမဲ့ဂျောင်ကု ညစာပြန်မစားတဲ့အကြောင်းဖြင့်
အဖွားစကားကိုအဟန့်အတားဖြစ်စေသည်။
ဂျောင်ကုလည်းထိုအကြောင်းကြောင့်အဖွားဆီမှာ
အဆူခံလိုက်ရသည်။

ထယ်ယောင်းကဂျောင်ကုကိုအဖွားရှေ့မှာတမင်ထောင်လိုက်တာ မဟုတ်မှန်းလဲဂျောင်ကုသိပါသည်။ သို့ပေမဲ့ဂျောင်ကုရဲ့ ဉာဏ်ဆိုးလေးအတိုင်းထယ်ယောင်းစိတ်ကိုဆွချင်၍ Aliceကိုသူတို့နှစ်ယောက်နေတဲ့အိမ်အထိခေါ်သွားခဲ့သည်။

ထယ်ယောင်းကိုရွဲ့ချင်၍သာAliceကိုအိမ်အထိ
ခေါ်သွားခဲ့ပေမဲ့တကယ်တမ်းတော့ဘာရည်ရွယ်ချက်မှမရှိ။

သို့သော်မထင်မှတ်ထားခဲ့တဲ့ထယ်ယောင်းပုံစံကြောင့် ဂျောင်ကုအတော်လေးရှော့ခ်ရသွားခဲ့ရသည်။

ထယ်ယောင်းကတစ်ခါမှအဲ့လောက်ထိဒေါသ
မထွက်ဖူးဘူး။Aliceကိုလည်းကိုယ်လက်ရောက် တုံ့ပြန်ပြီးဂျောင်ကုကိုလည်းသတိပေးသွားသေးသည်။

ကိစ္စတွေဖြစ်ပွားပြီးနောက်ဂျောင်ကုသည်Aliceနဲ့ အဆက်အသွယ်ပြတ်သွားပြီးတစ်အိမ်တည်း နေတဲ့ထယ်ယောင်းနဲ့လည်းအဆက်အသွယ်ပြတ်နေခဲ့သည်။

ဂျောင်ကုကမာနခံထားပေမဲ့ မသိစိတ်ထဲကနေ
ထယ်ယောင်းကိုအနည်းငယ်ရှိန်နေမိသည်။

ထယ်ယောင်းနဲ့စကားမပြောသည်မှာနှစ်ပတ်လောက်ပင်
ရှိနေပြီဖြစ်သည်။သို့သော်ထယ်ယောင်းဘက်ကသူ့ကို
စကားစမလာသလိုသူဘက်ကလည်းစကားမစမိတာကြောင့် သူ့တို့အိမ်ထောင်ရေးကခပ်တန်းတန်းနဲ့အေးစက်စက်
ဖြစ်နေလေသည်။

Aliceကိုဂျောင်ကုဘက်ကစမဆက်သွယ်ပေမဲ့
Aliceဘက်ကတော့အတင်းတွယ်ကပ်နေသည်။

ဂျောင်ကုအတွက်ဒါတွေကသိပ်တော့မထူးဆန်း။Aliceကအရင်ကတည်းကဒီပုံစံပဲလေ။

သို့ ...||Taekook||√√[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ