~17~

13.4K 1.2K 74
                                        

ပါရီကထယ်ယောင်းကိုကော်ဖီဆိုင်မှာတွေ့ဖို့
ချိန်းပြန်သည်။ကော်ဖီဆိုင်ထဲမျက်နှာချင်းဆိုင် ထိုင်ပြီးနှစ်ယောက်သားစကားမပြောမိသေး။
တိတ်ဆိတ်နေသည့်အခြေအနေကိုပါရီကစတင် ဖြိုခွဲလိုက်သည်။

"ထယ်ယောင်း ကိုအရင်အပတ်ကထဲကတွေ့မလို့
စင်ကာပူသွားတယ်ဆိုလို့ ပြန်လာမှဘဲတွေ့ရအောင် ချိန်းလိုက်တာ။ ဘာသောက်မလဲ"

"တော်ပါပြီ။ ငါနေ့လည်စာမစားရသေးဘူး။
ပြောစရာရှိတယ်ဆိုတာ အရေးကြီးတဲ့ပုံဘဲ ။အရင်အပတ်ထဲကတွေ့ချင်နေတာဆို​တော့။"

ထယ်ယောင်းပါရီကတွေ့ချင်တယ်ဆိုလို့သာ ရောက်လာတာနေ့လည်စာတောင်အခုထပ်ထိ
မစားရသေး။အစားမစားရသေးတာကြောင့်ထယ်ယောင်း
စိတ်ကသိပ်မကြည်။

ထမင်းစားချိန်သရေစာမုန့်တွေလဲမစားတတ်တာမို့ ပါရီရဲ့အရေးကြီးစကားကိုနားထောင်ဖို့တာဆူနေမိသည်။

"အရေးကြီးတယ်ဆိုတာထက် ဂျောင်ကုအကြောင်း ပြောပြမလို့ပါ။ ပြီးတော့ Alice"

"Alice.."

ထယ်ယောင်းပါရီရဲ့စကားနောက်သံယောင်လိုက်ကာ ခပ်စစပြုံးနေမိသည်။Alice က နာမည်ကြား
နားခါးပါစေဆိုတဲ့ ဆုနဲ့ပြည့်ထားသလိုဘဲ။

"သေချာနားထောင်နော်။ နင်သိသင့်တယ်ထင်လို့
ပြောပြတာ။အရင်အပတ်ကနင်စကာပူသွားတဲ့
အချိန်လောက်ပေါ့။ ဒီCoffeeဆိုင်မှာဘဲ Aliceနဲ့ ဂျောင်ကုနဲ့ချိန်းတွေ့ကြတယ်။"

ပြောပြီးတာနဲ့ ပါရီကပိုက်ဆံအိတ်ထဲက ဖုန်းကို
ထုတ်ပြီး ထယ်ယောင်းကိုပုံတွေလှမ်းပြသည်။

"အဲ့ဒါချိန်းတွေ့နေကြတဲ့ပုံတွေ။အမှန်တော့ ငါကဒီဆိုင်ကိုသူငယ်ချင်းတစ်ယောက်နဲ့
လာခဲ့တာပါ။ရုတ်တရက် သူတို့နှစ်ယောက်ကို တွေ့ခဲ့တာနင့်ကိုအဲ့ဒီတုန်းကပြောပြမလို့ပေမဲ့ နင်ကစင်ကာပူမှာဆိုတော့.."

"Aliceက ဘာဖြစ်ချင်တာလဲ"

ပုံတွေကိုကြည့်ရင်းAliceကိုထယ်ယောင်း ပိုပို
ရွံလာရသည်။မျက်နှာပေးကအမြဲ ရွဲ့သလိုလို
စောင်းသလိုလိုနဲ့။

"သူနဲ့ငါတို့ ပါတီပွဲမှာတွေ့တုန်းကသူကိုယ်တိုင်ပြောခဲ့တာ
မှတ်မိလား။မပေါ့မပါးကြီးနဲ့ဆိုတာလေ။ နင်အခု ဓာတ်ပုံထဲကိုတစ်ချက်ကြည့်လိုက်။ Aliceက
တကယ် ကိုယ်ဝန်ရှိနေတာ "

သို့ ...||Taekook||√√[Completed]Où les histoires vivent. Découvrez maintenant