မီးရောင်မှိန်မှိန်ထွန်းသားသည့်အခန်းငယ်လေး၌ လူတစ်ယောက်တည်း၏ဓာတ်ပုံတွေနှင့်ပြည့်နက်နေသည့်။အခန်းတွင်းလေထုမှာတိတ်ဆိတ်နေပြီးအထီးကျန် ဆန်လှသည်။လှောင်ရီသံတွေပြန့်လွှင့်နေသည့်
ထိုအခန်းငယ်သည် စိတ္တဇဆန်စွာဖြင့်ခြောက်ခြားစရာ ကောင်းနေသည်။"ဂျောင်ကုနင့်ငါ့ကိုဒီလိုလွယ်လွယ်နဲ့ ထားခဲ့လို့မရဘူး
ငါအပင်ပန်းခံခဲ့ရတာဒီအခန်းလေးကအသိဆုံး"သူမပါးပေါ်မျက်ရည်တွေစီးကျလာသည်။
"နင်ငါ့ကိုထားခဲ့လို့မရဘူး ငါကနင့်ကိုသိပ်ချစ်ခဲ့တာ။"
"ငါကအရှုံးသမားမဟုတ်ဘူး။ ငါ့ကိုပဲနင်ချစ်ရမယ် နင်သိလား"
Aliceထိုင်ခုံကနေထလာပြီးနံရံပေါ်ကဂျောင်ကုနဲ့
အတူယှဉ်ရပ်နေသည့် ထယ်ယောင်းဓာတ်ပုံကိုသူမ၏
လက်သည်း ချွန်ချွန်နဲ့ ကုပ်ဆွဲပစ်လိုက်သည်။"နင်ကအနှောက်အယှက်ကောင်၊နင့်ကြောင့်ငါ့
ဂျောင်ကုကငါ့ကိုပြန်ပြီးတော့ထားသွားတော့မှာ၊
နင့်လိုကောင်မျိုးကငါ့အတွက်တော့အနှောက်အယှက်ပဲ။"သက်မဲ့ဓာတ်ပုံတွေကိုကြည့်ကာစကားပြောနေသည့် သူမပုံစံကစိတ္တဇလူတစ်ယောက်လို။စိတ်လွှတ်နေသည့် Aliceသည်ဂျောင်ကုကလွှဲ၍ဘာကိုမှမမြင်နိုင်တော့သည့် ပုံစံ။
သူမဘဝတစ်လျှောက်မှာအချစ်ဦးကလည်း ဂျောင်ကုဖြစ်ခဲ့ပြီးအချစ်ဆုံးကလဲဂျောင်ကုသာ
ဖြစ်သည်။သို့သော်ဂျောင်ကုအတွက်တော့သူမက သူငယ်ချင်းတစ်ယောက်ထက်မပိုခဲ့ဘူး။သူမနဲ့ဂျောင်ကုကအလယ်တန်းမှာ သိခဲ့ကြပြီး
တစ်ယောက်ကိုတစ်ယောက်အရမ်းခင်ခဲ့ကြသည်။
သူမမှာလည်းဂျောင်ကုနဲ့အတူ ခင်ခဲ့သည့်ဝူဂျင်းဆိုသော
သူငယ်ချင်းတစ်ယောက်သာရှိသည်။Aliceသည်ထိုကဲ့သို့သူငယ်ချင်းဆိုလက်ချိုးရေလို့
ရသည်အထိ အပေါင်းအသင်းနည်းပါးသူပင်။ကြိုးချင်းထားတော့ကြိုးချင်းညှိဆိုတဲ့ စကားအတိုင်း
ဂျောင်ကုအပေါ် ထားတဲ့သံယောဇဉ်တွေကိုသူမဘက်ကပင်
စ၍အရောင်ဆိုးခဲ့သည်။ဂျောင်ကုကိုချစ်လာခဲ့တဲ့
တစ်လျှောက်လုံးဂျောင်ကုဘက်က သူမအချစ်ကို
မျက်ကွယ်ပြုထားသည်။