ဂျွန်စံအိမ်ကအဖိုးအဖွားဆီကပြန်လာကတည်းက ထယ်ယောင်းဂျောင်ဟျောင်းကိုဘယ်အိမ်ကိုမှမပို့တော့။
ထယ်ယောင့်အမေ့ကိုလည်း ဒုက္ခမပေးချင်တာကြောင့် ကင်မ်အဖိုးအဖွားတွေဆီလဲမပို့ဘဲ ရုံးသွားရင်ရုံးကို
ခေါ်သွားသည်။
ဂျောင်ကုနဲ့ရန်ဖြစ်ပြီးပြန်လာတဲ့ညကဂျောင်ကု အမေကဖုန်းဆက်ကာငိုသည်။ဂျောင်ကုအစား တောင်းပန်ပြီးတော့သူ့မြေးလေးကိုလည်း မတွေ့ဘဲ
မနေနိုင်ကြောင်းပြောလာတာမို့ ထယ်ယောင်းမှာ စိတ်မကောင်းဖြစ်ရပြန်သည်။
ဂျောင်ကုအိမ်ကိုမသွားတော့ဘဲထယ်ယောင်း အိမ်ကိုသာလာခွင့်ပြုလိုက်သည်။သူ့မြေးမကို ဘယ်လောက်ချစ်လဲဆိုတာထယ်ယောင်းသိတာမို့ မရက်စက်ချင်။ဂျောင်ကုအမေဟာထယ်ယောင်း အပေါ်ကိုယောက္ခမတာဝန်လည်းကျေခဲ့ပြီး စိတ်ရင်းကောင်းသူမို့ ထယ်ယောင်းကောင်းကောင်း မွန်မွန်သာဆက်ဆံမိသည်။
ဂျောင်ဟျောင်းမွေးနေ့လာဖို့လည်းတစ်ရက်သာ လိုတော့တာကြောင့်ဖိုးဖိုးဖွားဖွားတွေကမွေးနေ့ပွဲမှ လာကြလိမ့်မည်။
အဖိုးအဖွားအိမ်တွေမသွားရတဲ့ဂျောင်ဟျောင်းဟာ ထယ်ယောင်းကိုတိတ်တဆိတ်ဆန္ဒပြသည်။ ကုမ္ပဏီကို မလိုက်ချင်တဲ့ကလေးဆိုးလေး။ ကုမ္ပဏီကိုရောက်ရင်လည်း ရုံးခန်းထဲ မနေဘဲ အတွင်းရေးမှူးမင် အနောက်သာ တစ်ကောက်ကောက်လိုက်သည်။သမီးက အတွင်းရေးမှူးမင်ကို အပိုင်ပေါင်းထားတာကြောင့် သူသွားချင်တဲ့ နေရာလက်ညိုးထိုးရုံနဲ့ရောက်သည်။
ရောက်တဲ့နေရာမှာရောက်သလိုပေါင်းတတ်တာက
ဂျောင်ဟျောင်းရဲ့အကျင့်ကောင်းလေးတစ်ခုပင်။
တစ်ခါတစ်လေ"စီအီးအိုရဲ့သမီးကစီအီးအိုနဲ့ တစ်ခြားစီမျက်နှာချိုလိုက်တာ"ဆိုတဲ့ ချီးကျူးသလိုနဲ့ ထယ်ယောင်းအတင်းတုပ်သံတွေကိုလည်းဝန်ထမ်းတွေ
ထံမှကြားရသေးသည်။အတွင်းရေးမှူးမင်ကို ခိုင်းစရာရှိလို့
အခန်းထဲမှာခဏလောက်ငြိမ်ငြိမ်လေး နေပေးပါလို့
ချော့မေ့ပြောရင်လည်းလက်မခံ။ ဂျောင်ဟျောင်းက အဖွားတွေအလိုလိုက်ထားလို့ အတော်လေးဆိုးသွမ်းနေတာ။
နောက်ဆုံးအတွင်းရေးမှူးမင်ကဂျောင်ဟျောင်း ကိုတန်းလန်းဆွဲပြီးခိုင်းတဲ့အလုပ်ကိုလုပ်ရသည်။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)