ထယ်ယောင်းအိပ်ယာနိုးလာတော့ဘေးက အိပ်ရာတစ်ခြမ်းမှာလစ်ဟင်းနေသည်။
ဒါကဂျောင်ကုအိမ်ပြန်မအိပ်ဘူးဆိုတဲ့ သဘော။
ထယ်ယောင်းကတော့ဂျောင်ကုကိုအရေးတယူ လုပ်မနေချင်တော့သည့်အတွက်အိပ်ရာထပြီး ရေမိုးချိုးသွားတိုက်ကာပြင်ဆင်လိုက်သည်။မင်္ဂလာဆောင်ပြီးပြီးချင်းရက်ဆိုပေမဲ့ထယ်ယောင်း အနားမယူချင်။သူများတွေလိုပျော်စရာအချိန် လေးတွေရခဲ့တာလည်းမဟုတ်တော့ထူးပြီးခွင့်ရက် မယူချင်ပါ။
ရေမိုးချိုးပြီးအိမ်အောက်ကိုဆင်းလာတော့ အိမ်ကတိတ်ဆိတ်ပြီး ခြောက်ကပ်နေလေသည်။
အထီးကျန်မှုဆိုတာဘာမှန်းမသိရအောင်နေသား ကျနေခဲ့ပြီးသားဖြစ်တဲ့ထယ်ယောင်းအတွက်တော့ အထူးအဆန်းဖြစ်မနေပါ။အမေဖြစ်သူကအိမ်အကူအဒေါ်ကြီးတွေ ခေါ်ပေးမယ်ဆိုတာကိုလည်းထယ်ယောင်း လက်ခံလိုက်မိသည်။ ဒီအိမ်ကြီးထဲမှာ
ဂျောင်ကုနဲ့နှစ်ယောက်တည်းအတူရှိမနေချင်သည့်
အတွက်ကြောင့်လည်းပါသည်။မနက်စာပြင်ပေးမည့်အိမ်အကူလည်းမရှိတော့ အသင့်ရှိနေတဲ့ပါမုန့်နဲ့ နွားနို့ပူပူလေးလုပ်ပြီး ကိုယ်ဝမ်းကိုယ်ဖြည့်လိုက်ရသည်။
မင်္ဂလာလက်ဖွဲ့ရထားသည့်အိမ်အသစ်ဖြစ်သည့် အတွက်ထယ်ယောင်းမှာအိမ်ရဲ့အငွေ့အသက်နဲ့ စိမ်းသက်နေသည်။ အလုပ်မသွားခင်အိမ်ကို လျှောက်ပတ်ကြည့်လိုက်မိသေးသည်။
အိပ်ခန်းနဲ့မီးဖိုချောင်ကလွဲရင်ကျန်တဲ့ အခန်းတွေကိုဝင်တောင်မကြည့်ဖြစ်သေးသည့် အတွက်ရေရှည်နေဖို့တစ်ခန်းဝင်တစ်ခန်းထွက်
ဝင်ကြည့်လိုက်သည်။မနက်စာစားပြီးဧည့်ခန်းထဲအရင်ဆုံးဝင်ကြည့်တော့ ထယ်ယောင်းအလိုလိုမျက်နှာမဲ့မိသွားသည်။ မမြင်ချင်ဆုံးမင်္ဂလာဓာတ်ပုံကဧည့်ခန်းရဲ့အလယ် တည့်တည်မှာ ချိတ်ဆွဲထားသည်။
မင်္ဂလာဓာတ်ပုံကိုအဖေဖြစ်သူကမရိုက်မဖြစ်
ရိုက်ရမယ်ဆိုလို့သာ သူလက်ခံပြီးသွားရိုက်ခဲ့တာ။ဘယ်လိုပုံထွက်လာမယ်မှန်း စိတ်မဝင်စားတော့
မသိခဲ့ဘူး။ သေချာတာကတော့ထယ်ယောင်းက ဓာတ်ပုံထဲမှာပျော်ရွှင်နေတဲ့ပုံပေါက်မနေခဲ့ဘူး။
![](https://img.wattpad.com/cover/251622353-288-k458924.jpg)