~8~

18.1K 1.6K 155
                                        

ရက်သတ္တပတ်ကြာတော့Jejuကိုအလုပ်ကိစ္စနဲ့ သွားရမည့်အချိန်ကိုရောက်လာတော့သည်။
အလုပ်ကိစ္စဆိုအမြဲတက်ကြွနေတတ်သည့်
ထယ်ယောင်းက မနက်စောစောရေမိုးချိုးကာ
ပြင်ဆင်ပြီး အဆင်သင့်လုပ်ထားသည်။

သူတစ်ယောက်တည်းသာဆိုထပြီးသွားလိုက်ယုံပဲ
ဆိုပေမယ့် ညကဂျောင်ကုပြောခဲ့စကားကြောင့် စောင့်နေရတော့သည်။ ညကရုတ်တရက်ကြီး ထယ်ယောင်းကိုလေဆိပ်လိုက်ပို့မဲ့အကြောင်းပြောလာသည်။

ဂျောင်ကုစကားကိုငြင်းချင်ပေမဲ့ရန်စတွေလည်း မပွားချင်သည်မို့အသာတကြည်သာလက်ခံလိုက်မိသည်။
ပြဿနာတွေဖြစ်ရင်ပိုစိတ်ရှုပ်ရတယ်မဟုတ်လား။

အကြီးအကျယ်စကားများရန်ဖြစ်တာထက်စာရင် မေးထူးခေါ်ပြောဆက်ဆံရေးကသူတို့အတွက် ပိုအဆင်ပြေသည်။

ဂျောင်ကုကိုခွင့်လွှတ်ပေးလိုက်တာလားဆိုတော့လည်း
မဟုတ်ပြန်ဘူး။ ဂျောင်ကုဘက်ကပြဿနာမရှာသ၍ အဆင်ပြေနေမည်။ ဂျောင်ကုရဲ့လုပ်ရပ်တွေကြောင့် ထယ်ယောင်းစိတ်ထဲဒဏ်ရာရသွားခဲ့တာမို့ ဂျောင်ကုကိုလည်းသေချာပေါက်ခွင့်မလွှတ်နိုင်သေးပါ။

ဂျောင်ကုကိုAliceနဲ့တွဲသွားတွဲလာမတွေ့ရတော့ဘူး။
ထယ်ယောင်းကချစ်ခဲ့ရသူမို့အနည်းနဲ့အများတော့ နာကျင်ခဲ့ရသည်။ဂျောင်ကုရဲ့လုပ်ရပ်တွေကို အစအဆုံးမှတ်မိနေပြီး အားမလိုအားမရဖြစ်ခဲ့ရသည်။
ဒါတွေကထယ်ယောင်းရဲ့စိတ်ဒဏ်ရာဖြစ်သွားခဲ့သည်။

သူတို့ရဲ့အိမ်ထောင်ရေးမှာရှေ့ရေးကိုကြိုတွေးပြီး တွေးပူတာမျိုးမရှိသလိုဂျောင်ကုနဲ့ရှေ့ဆက်ဘယ်လို သွားရမလဲမစဉ်းစားမိ။သူတို့ဟာကိုယ့်သမိုင်းကိုယ်ရေးနေကြတဲ့သူတွေသာ။

တစ်ယောက်ကိုတစ်ယောက်ပြဿနာမရှာသ၍ သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေနေမှာပင်။

အဆင်မပြေဖြစ်ခဲ့ရင်လည်းကိစ္စတော့မရှိပါဘူး။ သူ့ကုကိုအိမ်ပေါ်တက်နေလိုက်ရုံပဲလေ။ စားဖို့
သောက်ဖို့အတွက်ကတော့ထယ်ယောင်းပညာတတ်ထားတာအလကားမှ မဟုတ်ပဲ။

သူအတွေးလွန်နေတာနဲ့ပင်အချိန်အတော်ပင် ကုန်သွားတော့သည်။ဒါပေမယ့်လိုက်ပို့မယ်ပြောတဲ့ ဂျောင်ကုကတော့ခုထိအိပ်မောကျနေသေးသည်။
ဂျောင်ကုအခုမှမထရင်လေဆိပ်သွားဖို့နောက်ကျ
တော့မှာမို့ ဂျောင်ကုအနားကိုသွားကာခြုံထားတဲ့
စောင်ကို ဆွဲချပစ်လိုက်သည်။

သို့ ...||Taekook||√√[Completed]Wo Geschichten leben. Entdecke jetzt