~24~

13.2K 1.1K 78
                                    

Flashback

ထယ်ယောင်းခွဲစိတ်ခန်းထဲရောက်နေတဲ့အချိန် သွေးပူကာAliceအိမ်ကိုဂျောင်ကုသွားခဲ့သည်။
ထယ်ယောင်းကိုယ်လုံးလေးဟာသွေးတွေနဲ့ရွဲစို နေပြီးသူ့လက်ထဲမှာတင်သတိမေ့လုမတတ်ဖြစ်နေသည့် အခြေအနေတွေဟာဂျောင်ကုရင်ကိုထိန့်လန့်စေသည်။
ဗိုက်ထဲကသူ့ကလေးလေးကလည်းဒီလိုအခြေအနေတွေထဲ အသက်ရှင်နိုင်ပါ့မလား။ထယ်ယောင်းကရော အသက် အန္တရာယ်ကိုကျော်ဖြတ်နိုင်အုံးမှာလား။

စိတ်ပူလွန်းလို့ရူးသွားမတတ်ဖြစ်ခဲ့ရတဲ့အခြေအနေတွေဟာ Aliceကြောင့်ဆိုတဲ့အတွေးတွေကဂျောင်ကု ဒေါသကို
လောင်စာထည့်ပေးလိုက်သလိုပင်။

ဆေးရုံကနေဒေါသတကြီးနဲ့ Aliceအိမ်ကိုရောက်သွားတော့
Aliceကကလေးကိုချီကာဂျောင်ကုကိုသနားငဲ့ညာပေးပါ ဆိုသည့်အကြည့်နဲ့ကြည့်နေလေသည်။

ကလေးကိုဆိုဖာပေါ်ချလိုက်ပြီးဂျောင်ကုအနားကို မျက်ရည်မျက်ခွက်နဲ့သနားကမားပုံစံ ရောက်လာသည်။

"ငါထယ့်ကိုထိရင် နင်ရောနင်ကလေးကိုရော သတ်ပစ်မယ်လို့ငါသတိပေးထားခဲ့တယ်။
နင်ကထယ့်ကိုဒုက္ခပေးတဲ့ကောင်မ။"

ဂျောင်ကုအိတ်ကပ်ထဲမှာပါလာတဲ့ အသင့်ဆောင်
ဓားမြောင်ကိုထုတ်ပြီး Aliceရဲ့လည်ပင်းကိုအားနဲ့
ထိုးစိုက်ပစ်လိုက်သည်။

Aliceဟာဂျောင်ကုကိုမယုံကြည်နိုင်သလိုအကြည့်တွေနဲ့
ကြည့်ရင်း လွတ်လိုလွတ်ငြား ရုန်းကန်လာသည်။
ဂျောင်ကုသေချာပေါက်ပြောခဲ့ပြီးသား ထယ်နဲ့ကလေးကိုထိခိုက်ရင် အသက်ရှင်ခွင့်မပေးဘူး။

ဂျောင်ကုမျက်နှာကိုသွေးတွေ ပန်းထွက်လာပြီး
Aliceကရုန်းနေရာက​နေငြိမ်ကြသွားတော့သည်။

လည်ပင်းမှာစိုက်နေတဲ့ဓားကိုဆွဲထုတ်လိုက်တော့ Aliceကကြမ်းပြင်ပေါ်လဲကျသွားသည်။
သွေးအိုင်ထဲကAliceကိုကြည့်ကာဂျောင်ကုခပ်မဲ့မဲ့သာ ပြုံးမိသည်။ဒီမိန်းမကသူ့ကလေးကိုသတ်ပြီး သူ့ထယ်ကို သွေးအိုင်ထဲရောက်အောင်လုပ်ခဲ့တာ။ဒီလောက်တော့ ပြန်ပေးဆပ်ရမှာပေါ့။

"အူဝဲ အူငဲ"

ကလေးငိုသံကြောင့်ဂျောင်ကုမျက်လုံးတွေ တစ်ဖန် ပြန်စူးရဲသွားပြီး ဆိုဖာပေါ်ကကလေးဆီကိုအကြည့် ရောက်သွားသည်။သွေးတွေပေနေတဲ့ဓားမြောင်ကို
ကိုင်ကာဆိုဖာပေါ်ကAliceရဲ့ကလေးကို
ရွယ်လိုက်သည်။ဂျောင်ကုဟာ အခုချိန်မှာ အသိစိတ် လွတ်နေသည့်လူတစ်ယောက်လိုသာ။

သို့ ...||Taekook||√√[Completed]Where stories live. Discover now