~12~

16.3K 1.3K 65
                                        

ထယ်ယောင်းနဲ့အမေဖြစ်သူအောက်ထပ်ကို ဆင်းလာတော့အဖေနဲ့ဂျောင်ကုကစကားပွဲကျနေသည်။

"ကျွန်တော်တို့ ပြန်တော့မယ် အဖေ"

ထယ်ယောင်းခေါ်လိုက်တဲ့နာမ်စားကြောင့် ဥက္ကဌကြီး
မျက်လုံးထဲမျက်ရည်တွေဝဲသွားပြီးခေါင်းကိုတစ်ဖက်သို့
လှည့်ကာဟန်ဖို့ရတော့သည်။

"အေး....သွားကြတော့ မကြာမကြာလာလည် ကြားလား"

"ဟုတ်ကဲ့"

"ဒီနှစ်အတွင်းမြေးချီချင်တယ်"

အဖေ့ကိုအခုမှအမြင်ကြည်တုန်းရှိသေးတယ်။
အဖေ့စကားကြောင့်ထယ်ယောင်းမျက်မှောင်ကုပ်
မိတော့သည်။ဒီနှစ်အတွင်းချီချင်တယ်ဆိုရအောင် ကလေးကရော့ဗြွတ်ဆိုပြီးထွက်လာလို့ရတဲ့အရာမှာ မဟုတ်တာ။

"ဒါတော့မဟုတ်သေး..."

"သားငယ် အမေပြောထားတယ်လေ"

အဖေ့ကိုလက်မခံကြောင်းပြောဖို့ကြိုးစား လိုက်ပေမဲ့အမေစကားဝင်ဖာတာကြောင့်
ထယ်ယောင်းဆက်မပြောဖြစ်တော့။

ကလေးယူဖို့ကအဆင်ပြေနေတဲ့အနေအထားမှာမှ
ရှိမနေတာ။ဒီဂျွန်ဂျောင်ကုနဲ့သူ့ရဲ့ကြားမှာဆိုပိုတောင်
ဆိုးသေး။

အပြန်ကားပေါ်ရောက်တော့ဂျောင်ကုကထယ်ယောင်းကို
မေးခွန်းတွေ တစ်ခုပြီးတစ်ခုထုတ်တော့သည်။

"ကလေးယူမယ်ဆိုအဆင်ပြေပါ့မလား"

"ဆရာဝန်အကူအညီလိုမှာပေါ့နော်။"

"ဒီနှစ်အတွင်းဆိုတော့မဖြစ်နိုင်လောက်ဘူးထင်တယ်။"

"အခုအဲ့ဒီ့ကိစ္စလုပ်ရင်တောင်မမှီလောက်...."

"ဂျွန်ဂျောင်ကု!!!!"

ထယ်ယောင်းအစကတည်းကစိတ်ရှုပ်နေသည်မို့
ဂျောင်ကုရဲ့ စကားသံတွေကိုသည်းမခံနိုင်။

"အခုကားကိုရပ်!"

ဂျောင်ကုမှာလည်းသူ့ရဲ့စကားတွေကြောင့် ထယ်ယောင်းစိတ်ရှုပ်သွားပြီမှန်းသိသွား၍
ကားကိုအသာတကြည်ရပ်ပေးလိုက်သည်။

ဂျောင်ကုကားရပ်သည်နဲ့ထယ်ယောင်း
ကားပေါ်ကဆင်းကာကြုံရာTaxiတစ်စီးပေါ် တက်သွားတော့သည်။

သို့ ...||Taekook||√√[Completed]Where stories live. Discover now