~15~

15.8K 1.2K 112
                                        

နံနက်ခင်းအလင်းရောင်သည်ပြတင်းပေါက်မှ တစ်ဆင့်အခန်းအတွင်းသို့ ကျရောက်လာသည်။တော်ရုံဆိုအအိပ်ဆက်တတ်တဲ့ထယ်ယောင်းက
ပင်ပင်ပန်းထားတဲ့ဒဏ်ကြောင့်မနက်၈နာရီအထိကို
မနိုးသေးပေ။

တစ်ဖက်မှာတော့အအိပ်မက်တဲ့ဂျောင်ကုမှာ ထယ်ယောင်းမျက်နှာကို ကုတင်ပေါ်ဘေးတစ်စောင်း လှဲကာ မေးစေ့ပေါ် လက်ထောက်ရင်း  တစိမ့်စိမ့်ကြည့်နေလေသည်။

"ဒါအိပ်မက်တော့မဟုတ်ပါဘူးနော်"

ဂျောင်ကုကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့
ထယ်ယောင်းရဲ့မျက်နှာလေးကိုသူရဲ့
လက်ချောင်းလေးနဲ့ဟုတ်တို့လိုက်ဒီတို့လိုက်လုပ်ကာ
စကားတွေပြောနေလေသည်။
နှာတံလေးကိုရောက်ရင်လဲနှာခေါင်လေးရှုံ့ပြီးရှေ့သွားလေးကြိတ်ကာလက်ကလေးဖြင့်ဖွဖွလေးညစ်သေးသည်။

"ထယ်ကကိုယ့်ကိုချစ်တယ်ဆိုတာ
အိပ်မက်တော့မဟုတ်ဘူးမလား အဟိ"

တစ်ယောက်တည်းစကားတွေပြောရင်းပီတိ ဖြာနေတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းမျက်လုံး ဖွင့်ကာလှမ်းဟောက်လိုက်သည်။

"စားပြီးနားမလည်လုပ်ဖို့လား ဒါပဲပြောနေ
အိပ်ဖို့လဲမပေးဘူး လူကိုလာလာကလိနေတာ"

မနက်မျက်လုံးဖွင့်တာနဲ့စွာနေတဲ့ထယ်ယောင်းကြောင့် ဂျောင်ကု နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်။
သူအိပ်မက်မက်နေတာမဟုတ်ဘူးဘဲ။

"ထယ် ..နိုးနေတာလား။"

"နိုးနေတာပေါ့။မင်းကငါ့မျက်နှာကိုလိုက်
ကလိနေတော့ ငါဘယ်လိုလုပ်အိပ်ရမှာလဲ။"

"ဒါဆိုလဲ။ဆက်ကလိအုံးမယ်"

ဂျောင်ကုပြောပြီးတာနဲ့ထယ်ယောင်းရဲ့ မျက်နှာ
တစ်လျှောက်သူ့နှာခေါင်းလုံးလုံးလေးနဲ့ ပွတ်ဆွဲကာ
တစ်ရှုံ့ရှုံ့နမ်းနေပြန်သည်။နှုတ်ခမ်းမွေးရေးရေးလေးတွေကလည်တိုင်ကို
လာလာထိနေတာကြောင့် ထယ်ယောင်း တဟားဟား
အော်ရီကာဂျောင်ကု ရင်ဘတ်ကိုတွန်းထုတ်ပစ်လိုက်သည်။

"ဟားဟား...ဟား.....ဖယ်ကွာ...ယားတယ်လို့"

ဂျောင်ကုစနေတာကိုရပ်လိုက်ပြီးထယ်ယောင်းကို အုပ်မိုးကာအကြည့်ချင်းဆုံစေလိုက်သည်။ ဒီအချိန်ကအချစ်တွေ နလံထူဖို့အကောင်းဆုံး အချိန်...။

သို့ ...||Taekook||√√[Completed]Where stories live. Discover now