ထယ်ယောင်းဟာကလေးမယူဘူးပြောတော့လည်းသူ။ ကိုယ်ဝန်ရှိနေကြောင်းဂျီမင်းကိုရုတ်တရက်လာကြွား
တော့လည်းသူ။ဂျီမင်းမှာလည်းထယ်ယောင်းကို သွားတွေ့ဖို့ရာ သူ့ကိုကိုမင်ယွန်းဂီကအလုပ်မအားတာကြောင့် သွားမတွေ့ဖြစ်။
ထယ်ယောင်းအကြောင်းကိုကြားတော့ဂျီမင်းရဲ့
ကိုကိုမှာ အံဩသွားရုံသာ။ အပျော်ကြီးပျော်
နေသူကတော့ ဂျီမင်းသာဖြစ်သည်။ထယ်ယောင်း ကလေးမွးရင်သူကတူလေးလားတူမလေးလား ရတော့မည်လေ။
ထယ်ယောင်းနဲ့အရင်သိခဲ့တဲ့သူမှာ မင်ယွန်ဂီလား
ဂျီမင်းလားပင်မသဲကွဲတော့ချေ။
ဂျီမင်းမှာအလုပ်မအားတဲ့သူ့ကိုကိုနဲ့အတူသွားဖို့
စိတ်မရှည်တော့တာမို့မင်ယွန်းဂီအလုပ်သွားတဲ့
မနက်ပိုင်းကိုထယ်ယောင်းတို့အိမ်ကိုခိုးထွက်လာခဲ့လိုက်သည်။
ထယ်ယောင်းတို့အိမ်ရောက်တော့ခြံတံခါးကို အဒေါ်ကြီး တစ်ယောက်လာဖွင့်ပေးသည်။
ဂျီမင်းကထယ်ယောင်းကို လာတွေ့တယ်လို့ပြောတော့
နှစ်ယောက်လုံးက အိပ်နေကြတုန်းတဲ့လေ။သူ့ကိုကို ကျောက်တုံးတောင် ထယ်ယောင်းထက် စောစော
ထသားပဲလို့တောင်တွေးမိလိုက်သေးသည်။
အဒေါ်ကြီးကိုသွားခေါ်ပေးဖို့အကူအညီတောင်းပြီးတော့ သူ့ကတော့အိမ်အောက်ထပ်မှာသာစောင့်နေလိုက်သည်။
ခဏကြာတော့ အဒေါ်ကြီးက အိမ်ပွေထပ်ကနေ ကဗျာကယာ ပြန်ပြေးဆင်းလာသည်။
"သားလေး...ထယ်ယောင်းလေးက ဘာဖြစ်နေတာလဲမသိဘူး။ဂျောင်ကလေးလည်း
မရှိဘူး အခန်းထဲမှာ"
"ဗျာ..."
အဒေါ်ကြီးရဲ့စကားကြောင့် ဂျီမင်းလည်းစိတ်ပူကာ
အိမ်ပေါ်ထပ်ကိုပြေးတက်သွားတော့သည်။ ဂျီမင်းအခန်းထဲရောက်တော့ထယ်ယောင်းက ပြတင်ပေါက်ဖက်ကိုမျက်နှာမူကာကုတင်အောက်မှာ
တွေတွေကြီးမှိကာထိုင်နေလေသည်။
ထယ်ယောင်းရဲ့အနားကိုမရောက်ခင်ကြမ်းပြင်မှာတင်
ဖန်ကွဲစတွေကမွစာကြဲနေလေသည်။
ဂျီမင်းထယ်ယောင်းဘေးကိုအမြန်သွားပြီး
ထယ်ယောင်းကိုကြည့်လိုက်တော့မျက်လုံးတွေက
နီရဲပြီးအခန်းရဲ့ပြတင်းပေါက်ကိုသာကြည့်နေသည်။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)