~3~

20.1K 1.7K 88
                                        

Unicode

"မင်းဘာလာလုပ်တာလဲ"

အခန်းတံခါးမခေါက်ဘဲဝင်လာတဲ့ ဂျောင်ကုကို
ထယ်ယောင်းအလိုမကျစွာမေးလိုက်သည်။

"ကိုယ်ရည်းစားဆီကို ကိုယ်လာမှတော့
လွမ်းလို့ပေါ့ ထယ်ယောင်းရဲ့"

"မင်းလူစကား နားမလည်ဘူးလား"

ထယ်ယောင်းအံကြိတ်ကာဆိုသည့်စကားကို ဂျောင်ကုကမကြားချင်ယောင်ဆောင်သည်။

"Alice ကမင်းဆီကိုဘာလာလုပ်တာလဲ"

သူ့ကိုတွေ့ချင်လို့လာတာမဟုတ်ပဲသူ့ကောင်မကို စိတ်ပူလို့လာမှန်းထယ်ယောင်းအခုမှသိလိုက်ရသည်။

"စပွန်ဆာမရတော့လို့ ငါ့ကိုပြဿနာလာရှာတာပေါ့ "

တမင်သပ်သပ်လှောင်ချင်လွန်းလို့ခနဲ့ပြီး ပြောလိုက်တော့အနာထိသွားတဲ့သူကမျက်နှာကြီးနီရဲကာ

"Aliceကိုမင်းဘာတွေပြောလိုက်သေးလဲ"

"သိချင်ရင် မင်းကောင်မမင်းသွားမေးပေါ့ ငါ့ဘက်ကလွန်တာတစ်ခုမှမရှိတာကိုတော့ မင်းသိအောင်ပြောလိုက်မယ်။"

"ထယ်ယောင်းငါနဲ့သူကပြတ်သွားပြီ"

ဂျောင်ကုရဲ့မျက်နှာကိုမြင်နေရရင်သူ့မှာအသက် တစ်ရက်လောက်တိုသလိုခံစားနေရသည်မလို့ ထိုမျက်နှာမှအကြည့်တွေကိုလွှဲပစ်လိုက်သည်။

"သိပြီးပြီ ။စိတ်ဝင်စားစရာကောင်းမနေဘူး။
ဂျောင်ကုမင်းသိလား။ ငါ့ဘဝမှာ
ဒီလိုအပြောခံရတာ မင်းကြောင့်
ပထမဆုံးဖြစ်ရတာ …"

"ကောင်းတာပေါ့ ။ကိုယ်ကမင်းရဲ့
ပထမဆုံးတွေကိုပဲအပိုင်ယူမှာလေ။
ဒါပေမဲ့ Aliceနဲ့သွားမပတ်သတ်ဖို့
ကိုယ်မင်းကိုပြောထားပြီးသားပဲ"

"အရှက်မရှိလိုက်တာ"

ဂျောင်ကုကပဲမျက်နှာပြောင်တိုက်လွန်းမလား သူကပဲရွဲ့နိုင်လွန်းမလားကြည့်ရတာပေါ့။
ငါကမင်းထက်ဆယ်ဆပိုဆိုးတဲ့ကောင်။

"မင်းကဟာသပြောတက်သားဘဲ မင်းကောင်မကလဲ
မင်းလိုဘဲ လူစကားနားမလည်ဘူး။သူများရုံးခန်းထဲကို
ရောက်လာပြီးလာပြီး ကိုယ့်အိမ်ကိုယ့်ရာလို
အရှက်မရှိကြတာ"

သို့ ...||Taekook||√√[Completed]Donde viven las historias. Descúbrelo ahora