ကိုယ်ဝန်တဖြည်းဖြည်းလာရင့်လာတော့ ကိုကိုနဲ့ ဂျီမင်းထယ်ယောင်းနဲ့အတူလာနေပေးသည်။ ညဘက်တွေမှာမုန့်တစ်မျိုးပြီးတစ်မျိုးလုပ်ကျွေးကာ ထယ်ယောင်းကိုဝမ်းနည်းစိတ်နည်းနည်းလေးမှမဝင်အောင်ထားသည်။
ကိုယ်ဝန်ကြောင့်ဖောရောင်နေတတ်တဲ့
ကိုယ့်ခြေထောက်ကိုယ်ဆေးပြန်လိမ်းတဲ့အခါ ကြားထဲဗိုက်ခံနေတာကြောင့်အဆင်မပြေ။
ဒါကိုသိတဲ့ဂျီမင်းကခြေထောက်တွေကိုဆေးအတင်း
လာလူးပေးသည်။တစ်ခါတစ်ရံဆို လက်ခံပေမဲ့ အမြဲဆိုရင်တော့ထယ်ယောင်းအားနာပါသည်။ထယ်ယောင်းဟာ ဂျီမင်းရဲ့သူငယ်ချင်းဖြစ်နေရုံနဲ့တင် ကံကောင်းလွန်းလှပါပြီ။ဒီလိုအချိန်တွေဆိုဂျောင်ကုကို စိတ်နာမိသည်။သူကထယ်ယောင်းမဟုတ်ဘဲတစ်ခြား မိန်းမကိုဒီလိုဂရုစိုက်နေမှာမဟုတ်လား။
ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းတုန်းက ငိုယိုနေခဲ့တဲ့ဂျောင်ကုဟာအခုတော့သူ့မိသားစုနဲ့သူ အဆင်ပြေနေပုံပါဘဲ။ Aliceကလေးမွေးပြီးသွားတာကိုလည်း ထယ်ယောင်းကြားမိပါသည်။ဂျောင်ကုကသူ့ကလေးကို သွားသွားတွေ့ပြီး အဆင်ပြေနေတာကိုလည်း တွေ့နေရသည်။
အဆင်မပြေသေးတာဆိုလို့ ထယ်ယောင်းနဲ့ထယ်ယောင်းရဲ့
နှလုံးသားလေးဘဲ ရှိမယ်ထင်ပါသည်။စိတ်မာတတ်ပေမဲ့တစ်ခါတစ်ရံကြိတ်ဝမ်းနည်းတဲ့ အခါဂျီမင်းနဲ့ကိုကိုကထယ်ယောင်းအနားမှာနေပေးပြီး
ပျော်စရာ တွေဖန်တီးပေးသည်။ထယ်ယောင်းမှာဂျီမင်းတို့နဲ့နေရသည်မှာ နည်းနည်းလေးမှမပျင်းရ။မိသားစုအသစ် တစ်ခုရသွားသလိုပင် စိတ်ထဲနွေးထွေးရသည်။
ထယ်ယောင်းအတွက်တော့ ကံကြမ္မာကြီးက
ရက်စက်လွန်းလှသည်။ညအိပ်ရင် တစ်ယောက်ထဲ
အိပ်မက်ဆိုးတွေထဲ လမ်းပျောက်ခဲ့ရပြီး ခိုဝင်စရာရင်ခွင်ဆိုတာလည်းမရှိတာမို့ ညတာတွေကို အထီးကျန်စွာဖြတ်သန်းခဲ့ရသည်။ဂျောင်ကုကိုမမုန်းနိုင်ဘူး။မုန်းတယ်လို့တသွင်သွင်
ပြောနေခဲ့ပေမဲ့ ချစ်ခဲ့ဖူးတယ်လေ။ လွယ်လွယ်နဲ့
မုန်းလိို့ရပါ့မလား။