[End]

17.9K 1K 32
                                    

ဂျောင်ကုအလုပ်ကပြန်လာတော့ထယ်ယောင်းက အိပ်ခန်းထဲပင်ပန်းကာအိပ်မောကျနေလေသည်။
ထယ်ကကုတင်ပေါ်မှာလှဲလျောင်းအိပ်စက်နေပြီး
ဘေးမှာတော့ သမီးဂျောင်ဟျောင်းကိုကစားစရာ တစ်ပုံနဲ့လွှတ်ထားသည်။

သမီးကအရုပ်တစ်ပုံရတော့အရုပ်ကလေးဆော့လိုက် အခန်းထဲကသူ့ပါးပါးဖွင့်ပေးထားတဲ့ကြောင်နဲ့ကြွက် ကာတွန်းကိုကြည့်လိုက်နဲ့ တစ်ယောက်တည်းအလုပ် ရှုပ်နေလေသည်။သူ့ပါးပါးအိပ်နေမှန်းသိတော့ ဆူညံပူညံမလုပ်ပဲ ငြိမ်ငြိမ်လေးသာထိုင်ဆော့နေသည်။

အခန်းထဲဂျောင်ကုဝင်လာတာတွေ့တော့မှ "ဒယ်ဒယ်"ဆိုပြီးချီခိုင်းတော့တာ။
ဂျောင်ကုလဲအဝတ်အစားအမြန်လဲကာသမီးကို ကောက်ချီပြီးအောက်ထပ်ကိုဆင်းသွားလိုက်သည်။

အလုပ်ကအပြန်ဗိုက်ဆာနေတာမို့သမီးနဲ့အတူ မီးဖိုချောင်ထဲကိုသာဝင်စပ်စုတော့လူလည်မလေးက
ဂျောင်ကုကိုရေခဲသေတ္တာအပေါ်ဆင့်က သူ့ပါးပါးပါး
ရေခဲမုန့် ဖွက်ထားတဲ့နေရာကိုလက်ညိုးထိုးပြသည်။

သနားကမားရုပ်ကလေးလုပ်ပြနေတာကြောင့် ဂျောင်ကုမှာမနေနိုင်တော့။သမီးကိုထမင်းစားပွဲဝိုင်းပေါ် တင်လိုက်ပြီး ပန်းကန်ထဲရေခဲမုန့်နည်းနည်း
ထည့်ပေးလိုက်ရသည်။

ပန်းကန်ထဲထည့်ပေးလိုက်တဲ့ရေခဲမုန့်ကိုနှုတ်ခမ်း
တထော်ထော်နဲ့အရသာခံပြီး ဇိမ်နဲ့စားနေလေသည်။
အစာစားတဲ့ပုံစံကထယ်ယောင်းနဲ့တူလွန်းတာကြောင့် ဂျောင်ကုမှာအသည်းတယားယား။

"မြန်မြန်စား ဂျောင်ဟျောင်းရေ။ပါးပါးသိရင်ဒယ်ဒီပါအော်ခံရမယ်။"

ဂျောင်ကုရဲ့စကားကိုဂျောင်ဟျောင်းကလက်ညိုးနဲ့ တိုးတိုးနေဆိုသည့်ပုံစံလုပ်ပြသည်။
သဘောကဒယ်ဒီအော်နေမှသူ့ပါးပါးကနိုးသွားမယ်။ဒယ်ဒီတိုးတိုးနေဆိုသည့်ပုံစံ။သူလဲအမွှေစိန်ကို
မနိုင်တာနဲ့ထမင်းစားခန်းထဲမှာထိုင်ရင်းဂျောင်ဟျောင်း
ရေခဲမုန့်စားပြီးတဲ့အချိန်ကိုထိုင်စောင့်နေလိုက်သည်။

အိမ်အပေါ်ထပ်ကထယ်ယောင်းမှာတော့နိုးလာတာနဲ့ သမီးဖြစ်သူကိုမတွေ့တာကြောင့်ရင်ထဲထိန့်လန့်ကာ အိပ်ချင်သည့်စိတ်ပါပြယ်သွားရသည်။

သို့ ...||Taekook||√√[Completed]Dove le storie prendono vita. Scoprilo ora