Unicode
ကော်ဖီဆိုင်လေးရဲ့ဒေါင့်စွန်းခုံမှာ နေရာယူထားတဲ့ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ။
ကောင်လေးရဲ့မျက်နှာကအေးစက်တည်ငြိမ်ပုံပေါ်ပေမဲ့
မျက်ဝန်းတွေကတော့ ခက်ထန်မှုနဲ့ ဒေါသတစ်ချို့ရောထွေးနေသည် ။"ပါရီနင်ပြောတာအကုန်အမှန်ဘဲလား "
တစ်ဖက်ကကောင်မလေးကတော့ကောင်လေးရဲ့ အမေးကို စိုးရိမ်သည့်ပုံစံဖြင့်ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြသည် ။
"ထယ်ယောင်း ငါကနင်တို့နှစ်ယောက်ကိုကွဲစေချင်လို့ ပြောတာမဟုတ်ဘူးနော် ငါကနင်သိရအောင်သတိလာပေးတာ ဂျောင်ကုကအဲ့လိုမျိုး ရည်းစားတွေထားနေတာကြာပြီ အဲ့ဒီထဲမှာမှနင်နဲ့တွဲတဲ့သုံးလကအများဆုံးဘဲထယ်ယောင်း"
စီပွားရေးလောကမှာသူတို့နှစ်ယောက်တွဲနေတဲ့သတင်းက
ခေတ်စားသည်။ထယ်ယောင်းစိတ်ထဲဂျောင်ကုကသူ့ကို အရမ်းဂရုစိုက်သည်မို့ဒီကိစ္စကိုသိပ်မယုံချင်။
သို့သော်လည်း ဂျောင်ကုဆီမှာ Slientတွေ
ရှိတယ်ဆိုတာ ခုံပေါ်မှာရှိတဲ့ဓာတ်ပုံတစ်ချို့ က ထယ်ယောင်းအတွက်သက်သေပင်။ကားပေါ်မှာလူမှန်းသူမှန်းမသိမိုးမွှန်အောင်နမ်းနေသည့်
ပုံတွေကထယ်ယောင်းရဲ့ဒေါသမီးစကိုလောင်စာ
ထည့်ပေးလိုက်သလိုပင်။ထယ်ယောင်းလဲယောကျာ်းလေးတစ်ယောက်ပေမဲ့ သူ့ချစ်သူကလဲဂျွန်ဂျောင်ကုဆိုတဲ့ကောင်လေးတစ်ယောက်။
ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့ချစ်သူကိုသူများနဲ့
ဝေမျှသုံးရလောက်အောင် သူသဘောထားမကြီး။သူ့အတွက်မဟုတ်တဲ့နှုတ်ခမ်းတွေ။သူတစ်ယောက်ထဲ
အတွက်မဖြစ်နိုင်တဲ့နှုတ်ခမ်းတွေ ကို သူသိပ်ရွံတယ်။"ပါရီ ငါတွေ့သလောက်ကတော့ အဲ့တာ Aliceဆိုတဲ့ကောင်မ မလား"
"ဟုတ်တယ် ။ဂျောင်ကုနဲ့သူနဲ့ကသိတာကြာပြီ ငါနဲ့လိုမျိုးဆိုပေမဲ့ ငါကသူ့လောက် ဂျောင်ကုနားမကပ်ဘူးနော်"
ထယ်ယောင်းခနဲ့သလိုတစ်ချက်ရီလိုက်သည် ။
"ပါရီ ငါပြန်တော့မယ် ။သတင်းထပ်ရရင်ဆက်သွယ်လိုက်။"