"ဒါကရော ဘယ်ကိုထွက်ပြေးအုံးမလို့လဲ"
ဆိုင်ထဲထိုင်နေတုန်းဂျောင်ကုကိုလှမ်းတွေ့လိုက်တာကြောင့် သမီးကိုဘိုဂမ်ဟျောင်းနဲ့အပ်ခဲ့ကာအနောက်ကနေလိုက်သွား မိသည်။သူကထယ်ယောင်းတို့ကိုတွေ့လို့ပြန်လှည့်ထွက် သွားတာ။မကျေမနပ်နဲ့လှမ်းအော်လိုက်တော့မှ ဂျောင်ကုက ခြေလှမ်းတွေရပ်သွားသည်။မကြာခင်မှာပဲ ဆိုင်ပြင်ကို ပြန်ထွက်ဖို့ပြင်နေတာကြောင့် ထယ်ယောင်းဒေါသဂိတ်ဆုံးကိုရောက်သွားတော့၏။
"သမီးမျက်နှာကိုနည်းနည်းလေးတောင်
မထောက်နိုင်ဘူးလား"
ထိုအခါမှ ထယ်ယောင်းကိုလှည့်ကြည့်လာတဲ့
မျက်နှာချောချောကိုလက်သီးနဲ့အားပါပါတစ်ချက်
ထိုးပစ်လိုက်သည်။
"ငါနဲ့သမီးကိုရှောင်နေတဲ့အတွက်"
ဂျောင်ကုကိုထယ်ယောင်းဘယ်တုန်းကမှလက်မပါခဲ့ဖူးဘူး။ဒီတစ်ခါတော့ဂျောင်ကုကိုအတော်လေးဒေါသထွက်ရသည်။
ထယ်ယောင်းလက်သီးကြောင့်ဂျောင်ကုမျက်နှာလည်ထွက်သွားပြီး နှာခေါင်းမှသွေးတွေစီးကျလာသည်။
သူထိုးလိုက်တောင်မျက်နှာငယ်ဖြင့်တစ်ခုခုကိုပြောချင်နေသည့်ပုံစံ။
"ဘာလို့ ထွက်ပြေးနေတာလဲ။ ငါနဲ့သမီးကို
ဒီတိုင်းတာဝန်မယူဘဲ ထွက်ပြေးနေမှာလား။မင်းအခုလုပ်နေတဲ့ ပုံစံကငါ့ကိုတကယ်နေရခက်စေတယ်။
ဘာလို့လဲ။ ဘာလို့ထွက်ပြေးနေတာလဲ"
ထယ်ယောင်းရဲ့ပင်ကိုယ်ဗီဇအတိုင်း ဂျောင်ကုရင်ဘက်ကို
တစ်ဖုန်းဖုန်းထုကာပြောရင်းနောက်ဆုံးကြမှ အသံက
တိုးဝင်သွားသည်။
"တောင်းပန်ပါတယ်။ကိုယ့်ကြောင့်ထောင်ထွက်ရဲ့
မိသားစုဆိုပြီးအပြောခံရမှာကို ခံနိုင်ရည်မရှိခဲ့ဘူး။"
ဂျောင်ကုဟာအတော်လေးပြိုလဲနေသည့်ပုံစံ။ မျက်ရည်တွေစီးကျကာမျက်လုံးတွေသည်လည်း ရဲတွတ်နေလေသည်။လေသံကအစဖျော့တော့ပြီး
အားမရှိသလိုပင်။
မှားခဲ့တယ်။အကုန်လုံးမှားခဲ့ကြတယ်။
ထယ်ယောင်းလည်းမှားခဲ့တယ်။ဘာလို့သူတစ်ယောက်ထဲ အမှားတွေလုပ်ခဲ့သလိုပုံစံမျိုးဖြစ်နေရတာလဲ။
![သို့ ...||Taekook||√√[Completed]](https://img.wattpad.com/cover/251622353-64-k458924.jpg)