~Extra-2~

16.7K 1K 48
                                        

နံနက်ပိုင်းစောစောထတတ်သည့်ထယ်ယောင်းမှာ ပင်ပန်းထားသည့်ဒဏ်ကြောင့် တော်ရုံနဲ့မနိုးပေမဲ့ အိပ်ရာထနောက်ကျတတ်သည့်ဂျောင်ကုမှာတော့ အစောကြီးနိုးနေသည်။

ဂျောင်ကုစောစောနိုးနေသည်မှာ အခြားတော့ မဟုတ်။စိတ်ကောက်နေတဲ့သမီးကြီးကိုချော့ဖို့အတွက်သာဖြစ်သည်။
ရေမိုးချိုးပြင်ဆင်ပြီးတာနဲ့ဂျောင်ဟျောင်းအခန်းကို သွားချောင်းတော့သမီးကအိပ်ပျော်နေတုန်းပင်။

ခြေသံတိတ်တိတ်လေးနဲ့သမီးအနားကို သွားပြီး
ကုတင်ပေါ်အသာလေးတက်ထိုင်လိုက်သည်။
ကုတင်အိကျသွားတာနဲ့ဂျောင်ဟျောင်းကဟိုလိမ့်ဒီလိမ့်
ဖြစ်လာသည်။ခဏကြာတော့အိပ်ချင်မူးတူးနဲ့ထထိုင်ပြီး
မျက်လုံးကို ဖိပွတ်တော့သည်။မျက်လုံးနာမှာစိုးလို့ မပွတ်တော့အောင်ဂျောင်ကုလက်ကိုဆွဲလိုက်တော့
ဂျောင်ကုကိုအိပ်ချင်မူတူးနဲ့ကြောင်ကြည့်လာသည်။

အိပ်ရာကနေယောင်ပြီးထလာမှန်းဂျောင်ကု သိလိုက်တာကြောင့်လက်ကနေလှမ်းဆွဲလိုက်တော့
သူ့ပေါင်ပေါ်ကိုခွထိုင်ပြီး ပခုံးပေါ်မှီကာအိပ်နေပြန်သည်။

အိပ်ချင်မူးတူးနဲ့ဂျောင်ကုကိုသူ့ပါးပါးထင်နေပုံ
ရသည်။ဂျောင်ကုလည်းမသိယောင်ဆောင်ပြီး
သမီးကို ကုတင်ပေါ်ချပေးကာဖက်ပြီးအိပ်နေလိုက်သည်။
မနေ့ကဒီလိုချစ်စရာ သမီးလေးကိုအော်လိုက်မိတဲ့
အတွက်သူ့ကိုယ်သူ နောင်တရလို့မဆုံး။

သမီးလေးကဂျောင်ကုရင်ခွင်ထဲမှာကွေးကွေးလေးနဲ့
သူ့ကိုဖက်ပြီးအိပ်နေသည့်ပုံကဘာနဲ့မှလဲလို့မရအောင် ချစ်ဖို့ကောင်းလွန်းသည်။

"​အူးဝါး  "

တစ်ဖက်မှာတော့ကလေးငိုသံကြောင့်ကုတင်ပေါ်ကနေ
ထယ်ယောင်းမှာဆံပင် စုတ်ဖွားနဲ့အမြန်ထလာရသည်။

"အား....ကျစ်"

အားနဲ့ထထိုင်မိလိုက်တော့လို့ညကကျေးဇူးရှင် သောင်းကျန်းထားတဲ့ဒဏ်ကြောင့်ခါးကဆစ်ခနဲ။

"ပါးပါးလာပြီ...ထယ်ကုလေးရေ"

ခါးနာနေလို့ဂျောင်ကုကိုကလေးချော့ခိုင်းဖို့ ကြည့်လိုက်ပေမဲ့အိပ်ယာထဲမှာဂျောင်ကုကရှိမနေ။

သို့ ...||Taekook||√√[Completed]Où les histoires vivent. Découvrez maintenant