မြင်လိုက်ရတဲ့မျက်နှာကြောင့်ထယ်ယောင်း စိတ်တွေရှုပ်ထွေးသွားသလိုဒေါသလည်း
ထွက်လာရသည်။ထယ်ယောင်းတို့အနား ရောက်နေပြီဖြစ်တဲ့ဂျောင်ကုကတော့ ထယ်ယောင်းမျက်နှာကိုသာမလွှတ်တမ်း စိုက်ကြည့်နေလေသည်။"မင်း ဒီကိုဘာလာလုပ်တာလဲ"
"မင်းဆီကိုလိုက်လာတာလေ"
ပြန်ဖြေပုံကိုကရိုက်ပေါက်။သူထယ်ယောင်း အနားရောက်လာတာကိုမြင်သားပဲ။ အိမ်မှာ ပြဿနာရှာတာတင်အားမရလို့ဂျယ်ဂျူအထိ ပြဿနာလာရှာပုံရသည်။
"တွေ့တယ်လေ မင်းကိုမေးတာ ဘာကိစ္စလိုက်လာတာလဲ
ရှုပ်ရှုပ်ယှက်ယှက်"ထယ်ယောင်းစိတ်ရှုပ်သလိုခပ်ပြတ်ပြတ် ပြောလိုက်ပြီးဂျောင်ကုကိုလည်းအကြည့်စူးစူးဖြင့် ကြည့်နေလေသည်။ကြားထဲကဂျီမင်းကတော့
ပြဿနာဖြစ်နေတဲ့သူတို့ကြားထဲ ဆက်ပြီး
ရပ်နေရမလိုလိုထွက်သွားရမလိုလို။"မင်း စိတ်ဆိုးသွားတယ်မဟုတ်ဘူးလား"
ဂျောင်ကုစကားကိုထယ်ယောင်းနားမလည်။ စိတ်ဆိုးစိတ်ကောက်ရအောင်သူတို့ကြားက ဆက်ဆံရေးကချော့လိုက်ရင်ပြေလည်သွားမဲ့ အခြေအနေမျိုးမှမဟုတ်တာ။
"ဂျီမင်းဒီမှာခဏစောင့်နေ"
ထယ်ယောင်းဂျောင်ကုလက်ကိုဆွဲကာခပ်ဝေးဝေးကို
ခေါ်သွားလိုက်သည်။အဆင်မပြေတဲ့အိမ်ထောင်ရေး ဆိုပေမဲ့လူရှေ့သူရှေ့မှာတော့ပြဿနာအကြီးအကျယ်
မဖြစ်ချင်ဘူး။ဂျီမင်းနဲ့ခပ်လှမ်းလှမ်းရောက်တော့မှသူဆွဲထားမိတဲ့
ဂျောင်ကုလက်ကိုလွတ်ချပစ်လိုက်သည်။"စိတ်ဆိုးရအောင် မင်းနဲ့ငါက မင်းနဲ့ Aliceလို ဆက်ဆံရေးမဟုတ်ဘူး။ဘာလို့လိုက်လာတာလဲ။ မင်းကဆေးရုံမှာရှိနေရမှာလေ။"
"တောင်းပန်ပါတယ်။"
ထယ်ယောင်းမျက်ခုံးတွေတွန့်ချိုးသွားတော့သည်။
တစ်သက်နှင့်တစ်ကိုယ်တောင်းပန်စကားမဆိုဘူးတဲ့ ဂျောင်ကုကသူ့ကိုအခုတောင်းပန်နေတာလား။"ဘာအတွက်လဲ"
ထယ်ယောင်း၏အလိုမကျသလိုမျက်နှာကို ဂျောင်ကုအသေအချာစိုက်ကြည့်ရင်း